မျက်လုံးအောက်က အဖုသေးသေးလေးတွေက အရေပြားအောက်မှာ ပိတ်မိနေတဲ့ Keratin ကြောင့်ဖြစ်လာတာပါ။ ဒါက ချွေးပေါက်ပိတ်လို့ ဖြစ်တဲ့ ဆားဝက်ခြံနဲ့ပုံစံမတူပါဘူး။ ဒီအဖုတွေက အသားအရေအတွက် အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမဲ့ ချောမွေ့တဲ့ အသားအရေ ပိုင်ဆိုင်ချင်တဲ့ပျိုမေတို့ အတွက်တော့ အနှောင့်အယှက်တစ်ခုပါပဲ။ ဒီတော့ အဖုသေးသေးလေးတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အသားအရေကို ချေးချွတ်ပါ

အရေပြားအောက်က Keratin တွေကို ချေးချွတ်ပေးတာက အဖုသေးသေးလေးတွေကို သက်သာစေပါတယ်။ ပူနွေးတဲ့အဝတ်နဲ့ ဖိသုတ်ပေးတာကလည်း အဖုလျော့ပါးစေပါတယ်။

၂။ မျက်နှာကို အငွေ့ခံပါ

ရေနွေးငွေ့နဲ့ မျက်နှာကို ပေါင်းတင်ပေးတာကလည်း အဖုသေးသေးလေးတွေကို သက်သာစေပါတယ်။

၃။ Rose Water

နှင်းဆီပေါင်းခံရည်နဲ့ အဖုရှိရာနေရာကို ဖြန်းပေးတာကလည်း အဖု နည်းပါးစေပါတယ်။

၄။ ပျားရည်

ပျားရည်ကို သုံးပြီး မျက်နှာမှာ Mask ကပ်ပေးတာကလည်း အသားအရေကိုစိုပြေစေပြီး မျက်လုံးအောက်က အဖုသက်သာစေပါတယ်။

၅။ မျက်လုံးကို ခဏခဏ မပွတ်ပါနဲ့

အဖုဖြစ်တဲ့နေရာကို ခဏခဏ ပွတ်တာက မသက်သာစေတဲ့အပြင် မပျောက်တော့တာတွေဖြစ်တတ်ပါတယ်။ အဖုတွေကို ထိခြင်းမရှိဘဲ သူ့အတိုင်း ထားပေးသင့်ပါတယ်

၆။ Serum သုံးပေးပါ

အိုမင်းရင့်ရော်တာကို လျှော့ချပေးတဲ့ ဗီတာမင်တွေပါဝင်တဲ့ Serum ကို မျက်နှာမှာ လိမ်းပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar