နေ့တိုင်း နုပျိုနေဖို့ Skin Care တွေ လုပ်နေပေမယ့် အိပ်တဲ့အချိန်မှာ ဒီလိုအကျင့်တွေကို လုပ်နေမိရင် အိုမင်းရင့်ရော်မှုကို မသိလိုက်ဘဲ အရှိန်မြှင့်ပေးသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ညဘက်အိပ်တဲ့အချိန်မှာ ဒီလိုအကျင့်တွေကို သတိထားပြီးပြင်ပေးပါ။

ဘေးစောင်းအိပ်တာ

စောင်းအိပ်တာက ကော်လာဂျင်တွေကို ဆုံးရှုံးစေပြီး အချိန်ကြာလာတာနဲ့အမျှ အရေပြားအိုမင်းမှုကို အရှိန်မြှင့်ပေးပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ပက်လက်အိပ်ပေးပါ။

အိပ်ရာမဝင်ခင် မျက်နှာကို ဂရုစိုက်တာ

မအိပ်င် မိတ်ကပ်ဖျက်ဖို့ မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ တစ်နေ့တာလုံး စုပုံနေတဲ့ အညစ်အကြေးတွေ၊ ချွေးနဲ့ မိတ်ကပ်တွေကို ဖယ်ရှားဖို့ မမေ့ပါနဲ့။ အသားအရေကို ကြည်လင်ဝင်းပစေဖို့အတွက် ညအိပ်ရာဝင်ချိန်မှာ နူးညံ့တဲ့ Scrub ကို သုံးပေးပါ။

Skin Care Products တွေအလွန်အကျွံသုံးတာ

Skin Care တွေသုံးတဲ့အခါ တစ်ခုချင်းစီကို မှန်ကန်အောင်အသုံးမပြုရင် အသားအရေကို ထိခိုက်နိုင်ပါတယ်။ အရေပြားခြောက်သွေ့ပြီး ယားယံလာတဲ့အခါ နီရဲလာပြီး ရောင်ရမ်းလာတဲ့အခါ ရလဒ်အနေနဲ့ အရေးအကြောင်း တွေတောင် မြင်လာရပါတယ်။

ရေဓါတ်မလုံလောက်တာ

ရေဓာတ်က ကျန်းမာတဲ့အသားအရေရဖို့ အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်လာတဲ့အခါ အသားအရေခြောက်သွေ့ပြီး မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ အသားအရေ နုပျိုပြီး ပျော့ပျောင်းနေချင်တယ်ဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး ရေ ခြောက်ခွက်လောက် သောက်ပေးပါ။

Digital Screens အသုံးများတာ

အခုဆိုရင် အများစုက Digital Screens ရှေ့မှာ အချိန်များစွာကုန်ဆုံးနေတတ်ကြပါတယ်။ Digital Screens က ထုတ်လွှင့်တဲ့ အပြာရောင်အလင်းက အရေပြားကို ပျက်စီးစေပြီး အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့် အသုံးပြုတဲ့အချိန်ကို ကန့်သတ်ပါ။ အသားအရေကို ဂရုစိုက်ဖို့ အချိန်ယူပါ။

ကျန်းမာရေးနဲ့မညီတဲ့အစားအစာတွေအစားများတာ

သကြား၊ အရက်နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံစားတာက အသားအရေကို ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အရက်က အရေပြားကို ရေဓာတ်ခန်းခြောက်စေပြီး ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ အဲဒီအစား၊ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားကြည့်ပါ။ သင့်အသားအရေကို ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။