သင့်အနေနဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် (သို့) အနုပညာရှင်၊ အဆိုတော်တွေရဲ့ အသက်ကို ခန့်မှန်းဖို့ ခက်ခဲလှပါတယ်။ ကိုယ်ရဲ့ ရှိရင်းရှိအသက်ထက် ပိုပြီး နုပျိုခြင်း မနုပျိုခြင်းဆိုတာ သင့်ရွေးချယ်နေထိုင် စားသောက်မှုပေါ်မှာလည်း မူတည်တယ်ဆိုတာကို ပြသနေပါတယ်။ နိုင်ငံတကာက မွေးသက္ကရာဇ်ချင်း တူညီကြတဲ့ အနုပညာရှင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

၁။ အမေရိကန် Rapper အဆိုတော် Eminem နဲ့ လူတိုင်းချစ်ကြတဲ့ မင်းသားကြီး Dwayne Johnson တို့ဟာ အသက်အတူတူပါပဲ။ သူတို့တွေဟာ ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲကြတဲ့သူတွေပါ။ အခုဆို ၄၅ နှစ်ရှိပြီပေါ့ရှင်။

၂။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး  Sylvester Stallone နဲ့ အမေရိကန် ရုပ်ရှင်မင်းသား Tommy Lee Jones တို့ဟာ ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့ကြတာပါ။ မင်းသားကြီး Stallone က ဇူလိုင်လ ၆ ရက်နေ့မှာ မွေးတာဖြစ်ပြီး Tommy Lee Jones က စက်တင်ဘာ ၁၅ ရက်နေ့မှာ မွေးတာပါ။

၃။ မင်းသား Matt Damon နဲ့ Simon Pegg တို့ကတော့ ၁၉၇၀ ပြည့်နှစ်မှာ မွေးဖွားခဲ့ကြတဲ့သူတွေပါ။

၄။ ဟာသ သရုပ်ဆောင်မင်းသား Eddie Murphy နဲ့ အမေရိကန်ရုပ်ရှင်မင်းသား Forest Whitaker တို့ကလည်း ၁၉၆၁ ခုနှစ်မှာ မွေးဖွားကြသူတွေပါ။၂၀၁၇ မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။ ဘယ်သူပိုနုတယ်လို့ ထင်ပါသလဲရှင်။

၅။ အမေရိကန်ရုပ်ရှင်မင်းသား Edward Norton နဲ့ Gerard Butler တို့ကတော့ ၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့ကြသူတွေပါ။ Edward Norton ကတော့ Gerard Butler ထက် လပိုင်းပိုကြီးပါတယ်။ ၂၀၁၇ မှာ ၄၈ နှစ်ရှိကြပြီဖြစ်ပါတယ်။

၆။ အားလုံးချစ်ကြတဲ့ မင်းသား Brad Pitt နဲ့ မင်းသား Dean Norris တို့ကတော့ ၁၉၆၃ ခုနှစ်မှာမွေးဖွားခဲ့ကြတာဖြစ်ပြီး ၂၀၁၇ မှာ ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။

၇။ ဒီတခါပြောပြမယ့် အနုပညာရှင် နှစ်ဦးလုံးကိုတော့ စာဖတ်သူတို့ရင်းနှီးကြမယ်ထင်ပါတယ်။ မင်းသား Will Smith နဲ့ Lerry Crews တို့ပါ။ သူတို့ဟာ ၂၀၁၇မှာ ၄၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။