ဆံပင်ပျက်စီးရတဲ့အကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်ဒဏ် အပူဒဏ်တွေ ပါတာမလို့ နွေရာသီမှာ ဆံသားပျက်စီးမှုကိုကာကွယ်နိုင်ဖို့အတွက် ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

1. ရေဓါတ်ကို ဦးစားပေးပါ

ရေဓာတ်က ကျန်းမာရေးအတွက်သာမက ဆံပင်အတွက်လည်း အရေးပါတာမလို့ ခန္ဓာကိုယ်နဲ့ ဆံပင်အတွင်းပိုင်းကနေ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေများများသောက်ဖို့မမေ့ပါနဲ့။ ဒါ့အပြင် ဆံသားခြောက်တာကို ကာကွယ်ဖို့ Moisturizing Hair Products များကို သုံးပေးပါ။

2. နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ

နေရောင်ကာကွယ်ဖို့ စဉ်းစားတဲ့အခါ အများစုကအရေပြားကို အာရုံစိုက်တတ်ပြီး ဆံပင်ကို မေ့သွားတတ်ကြပါတယ်။ ခရမ်းလွန်ရောင်ခြည်က ဆံပင်ကို ကြွတ်ဆက်စေပြီး အရောင်ကျစေပါတယ်။ ဒါကြောင့် ဆံပင်ကို နေရောင်တိုက်ရိုက်တာကို အတတ်နိုင်ဆုံး ကာကွယ်ပါ။

3. Moisturizing Hair Mask သုံးပေးပါ

နေအပူကြောင့် ဆံပင်တွေခြောက်ပြီး မပျက်စီးစေဖို့အတွက် ဆံပင်ကို အာဟာရဖြစ်စေဖို့ အာဂျင်ဆီ၊ အုန်းဆီ သို့မဟုတ် ရှီးယားထောပတ်တို့လို သဘာဝအဆီများပါတဲ့ Hair Mask များ သုံးပေးပါ။

4. Wide-toothed Comb နဲ့ ဖြည်းဖြည်းချင်း ဖြီးပေးပါ

နွေရာသီရဲ့ အပူနဲ့ စိုထိုင်းဆတွေကြောင့် ဆံပင်တွေက နွေရာသီမှာ ရှုပ်နေတတ်ပါတယ်။ ရှုပ်နေတဲ့ဆံပင်ကို အတင်းဖြီးတာက ဆံပင်ပိုကျွတ်နိုင်သလို ဆံသားကျိုးတာမျိုးဖြစ်စေတာမလို့ ဖြီးတဲ့အခါ ဘီးအကျဲနဲ့ ဖြည်းဖြည်းချင်းဖြီးပေးပါ။

5. ရေငန်နဲ့ ကလိုရင်းကနေ ကာကွယ်ပါ

ရေကူးကန်မှာ ရေကူးတာပဲဖြစ်ဖြစ် ပင်လယ်ထဲ ရေဆော့တာပဲဖြစ်ဖြစ် ကလိုရင်းနဲ့ ရေငန်တွေက ဆံပင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေတဲ့အခါ ရေကူးဦးထုပ် ဝတ်ပါ။ ရေကူးပြီးတိုင်း ပင်လယ်ကပြန်တက်လာတိုင်း ရေချိုနဲ့ပြောင်အောင် သေချာဆေးပေးပါ။

6. Chemical Treatments များရှောင်ပါ

နွေရာသီမှာ ဆံပင်ဖြောင့်တာ ကောက်တာတို့ကို ရှောင်နိုင်ရင်အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ နေရဲ့အပူက Styling Tools တွေရဲ့အပူနဲ့ပေါင်းပြီး ဆံပင်ကို ပိုပျက်စီးစေနိုင်လို့ပါ။

7. ဦးရေပြားကိုနှိပ်ပေးပါ

နေ့တိုင်း အချိန်ခနပေးပြီး ဦးရေပြားကို နှိပ်ပေးတာက ဦးရေပြားအဆီပြန်တာကို သက်သာစေပြီး ဆံသားကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို လျော့ပါးစေပြီး ဆံပင်တစ်ခုလုံးကိုကျန်းမာစေပါတယ်။