အားလုံးပဲ မင်္ဂလာပါနော်။ ရာသီဥတုက အရင်လို မပူတော့ဘဲ မိုးရွာတဲ့ရက်က ပိုများလာပြီနော်။ ဒါကြောင့် အပြင်သွားရင်လည်း ထီးယူဖို့ မမေ့ပါနဲ့နော်။ မိုးရွာတဲ့အချိန်ဆိုရင် ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ ခံစားချက်တစ်ခုလည်းဖြစ်လာတတ်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အချိန် နေရောင်နဲ့ အတူရိုက်လေ့ရှိသလို မိုးရာသီမှာလည်း ပုံလှလှလေးတွေ ရအောင် ရိုက်လို့ရပါတယ်နော်။ အခုလိုမိုးရွာတဲ့အချိန်မှာ ပို့စ်ပေးမယ့် သင်ရယ်၊ ထီးလေးတစ်လက်ရှိရင်တော့ မိုးရာသီရဲ့အမှတ်တရပုံလေးတွေ ရိုက်လို့ရပါတယ်။ ဒီလိုတခုခုကိုလွမ်းသလိုလို သတိရသလိုလို ဖြစ်နေတဲ့ဖီးလင်လေးကို အမိုက်စား ပို့စ်တွေနဲ့ ပေါင်းစပ်လိုက်ကြရအောင်နော်…

 

Photo Source; Pinterest