သင်က သင့်ရဲ့ ဆံပင်ရှည်ကို ရှေ့ချထားရတာ စိတ်အိုက်တတ်သူ ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ခေါင်းမလျှော်ဖြစ်တဲ့ရက်တွေ၊ ပူအိုက်တဲ့ရက်တွေ၊ အလုပ်များတဲ့ ရက်တွေမှာ ဆံပင်စည်းတာက အသင့်တော်ဆုံးပါပဲ။ ဝက်ခြံဖြစ်တတ်သူတွေ၊ မျက်နှာ အသားအရေ Sensitive ဖြစ်တတ်တဲ့ ပျိုမေတွေအနေနဲ့လည်း ဆံပင်မချဘဲ စည်းထားတာက ပိုသင့်လျော်ပါတယ်။ ဒီတော့ ဆံပင်အရှည်ကို ချစ်စရာကောင်းအောင် စည်းနိုင်တဲ့ Idea တွေကို ကြည့်လိုက်ရအောင်နော်-
၁။ ဆံထုံး
ဆံပင်ကို ရှေ့ချပြီး ဆံစည်းကြိုး အထူနဲ့ ဆံပင်ထုံးပေးနိုင်ပါတယ်။ ဒီ Hair Look က သင့်ကို ပေါ့ပါးတဲ့ အသွင် ပိုင်ဆိုင်စေပါတယ်။
သင်က အချိန်ပေးနိုင်တယ်ဆိုရင် ဆံပင်ကို နှစ်ဖက် ကျစ်ဆံမြီး ကျစ်တာလေးက သင့်ကို ပိုချစ်စရာကောင်းစေမှာပါ။
၃။ အမြင့်စည်း
ဆံပင်ကို အမြင့်စည်းတာကလည်း သင့်ပုံစံကို တစ်မျိုး ထူးခြားနေစေမှာပါ။ ဒါပေမဲ့ အမြင့်စည်းပြီး ဦးရေပြားကို တင်းကျပ်စွာထားကာ ကြာကြာမနေသင့်ပါဘူး။
၄။ အောက်ဘက်ဆံထုံး
ရှေ့ဆံပင်ကို ပုံထဲကအတိုင်း ချပြီး နောက်ဘက် အနိမ့်စည်းတာကလည်း သင့်ကို ရင့်ကျက်တဲ့အသွင် ရစေမှာပါ။
၅။ ဆံပင် ရှေ့ချပြီး နောက်ဘက်စည်းတာ
ဒါကတော့ ပုံမှန်စည်းနေကျ ပုံပါပဲ။ ရှေ့ဆံပင်ကို Bang ပုံစံ ချပြီး စည်းပေးတာက ကိုယ့်ပုံစံကို ပိုငယ်တဲ့ ပုံစံ ရစေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar