အားလုံးပဲမင်္ဂလာပါနော်။ တင်မရှိလို့ မြန်မာဝတ်စုံဝတ်ရင်ဖြစ်ဖြစ်ကိုယ်လုံးပေါ် အင်္ကျီ ဝတ်ရင်ဖြစ်ဖြစ် စိတ်ညစ်နေရလား။ ကိုယ်တိုင်လက်တွေ့လုပ်လို့ရတဲ့အရာတစ်ခုအတွက်စိတ်ညစ်မနေပါနဲ့နော်။ အချိန်ပေးရပေမယ့် တကယ်တမ်းလုပ်ကြည့်မယ် ဇွဲရှိမယ်ဆိုရင်တင်သားကိတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်လာမှာနော်။

၁။ Single-Leg Bridge

အရင်ဆုံး ကျောလှဲနေမယ်။ ပြီးရင်ခြေထောက်တစ်ဖက်ကို မြောက်ထားလိုက်ပြီး တင်နဲ့ ခါးကို ကြွပေးမယ်။ ပြန်ချမယ်။ ခြေထောက်တစ်ဖက်ကို အခါ ၂၀။ ၂ ကြော့ပြန်လုပ်မယ်။

၂။  Fingers to Toes

အရင်ဆုံးအခုပုံ အေမှာပြထားသလိုနေမယ်။ ပြီးရင် ဘယ်ဖက်ခြေထောက်ကိုမြောက် ညာဖက်လက်နဲ့ ထိပေးမယ်။ ပြီးရင် ပြန်ချပြီး ၁၅ ကြိမ်လုပ်မယ်။ တစ်ဖက်ကို ၁၅ ကြိမ်လုပ်ရမယ်။ ၂ ကြော့ဆီလုပ်ရမှာဖြစ်ပါတယ်။

၃။ Double-leg kick

အရင်ဆုံး မောက်လျက်အနေအထားနေမယ်။ ပြီးရင် ရင်ဘတ်ကိုကြွထားမယ်။ လက်နှစ်ဖက်ကိုနောက်ပစ်ထားမယ်။ ခြေထောက်နှစ်ဖက်ကိုကြွလိုက်မယ်။ မြောက်ပြီးခဏထားကာ ပြန်ချမယ်။ အကြိမ် ၃၀ ၊ ၂ ကြော့လုပ်ပေးရမှာဖြစ်ပါတယ်။

၄။ Leg-Up Plank

အရင်ဆုံး လေဖက်ထောက်ထားမယ်။ ခြေထောက်တစ်ဖက်ကိုမြောက်ထားမယ်။ ၂ စက္ကန့်နေမယ်။ ပြန်ချမယ်။ တစ်ဖက်ကို ၁၅ ကြိမ်လုပ်မယ်။ ၂ ကြော့လုပ်ပေးရမှာဖြစ်ပါတယ်။

၅။ Step-Up

ခုံအပုလေးတစ်လုံးလိုမယ်။ ညာဖက်ခြေထောက်နဲ့ အပေါ်ကိုတက်ပြီး ဘယ်ဖက်ဒူးကို ရင်ဘတ်နားထိ မြောက်ပေးမယ်။ ပြီးရင်ပြန်ချပြီး ပြန်ဆင်းမယ်။ တစ်ဖက်ကို ၂၀ ဆီ ၊ ၂ ကြော့လုပ်ပေးရမှာဖြစ်ပါတယ်။

၆။ High Knee

အခုပုံမှာပြထားတဲ့အတိုင်း ဘယ်ညာကိုခုန်ပေးရမှာဖြစ်ပါတယ်။ ဘယ်ညာကို တစ်လို့မှန်ပါ။ ၂၅ ကြိမ်ခုန်ပါ။ ၂ ကြော့လုပ်ပေးပါ။

၇။ Deadlift

အခုပုံမျာပြထားသလိုမျိုး အလေးတုံးကို မပေးရမှာဖြစ်ပါတယ်။ တင်ကိုနောက်ပစ် ကိုယ်ကိုရှေ့ကိုင်း ခါးကို တဖြောင့်တည်းထားပြီး အလေးတုံးကို မပေးရမှာဖြစ်ပါတယ်။

ပြီးရင်မတ်တပ်ပြန်ရပ်လိုက်ပါ။ အဲဒီအတိုင်း ၁၅ ကြိမ် ၂ ကြော့လုပ်ပေးပါ။

၈။ Kettlebell Squat

လေ့ကျင့်ခန်း (၇) မှာပြတာနဲ့အတူတူပါပဲနော်။ အလေးတုံးကို အောက်ချထားပြီး တင်ကိုနောက်ပစ် ကိုယ်ကိုရှေ့ကိုင်း ခါးကိုမတ်ကာ အလေးတုံးကိုမ မတ်တပ်ရပ်လိုက်ပါ။

၁၅ ကြိမ်၊ ၂ ကြော့လုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေကို အကုန်လုံးလုပ်ပေးရမှာမယ်နော်။

ပိုပြီးထိရောက်အောင်လို့ ပရိုတင်းများများစားရမယ်။ ရေများများသောက်။ အိပ်ရေးဝဝအိပ်ပါ။

Photo: Brightside.me

By: MyStyle Myanmar