ခန္ဓာကိုယ်မှာအဆီပိုတွေကိုချဖို့ လေ့ကျင့်ခန်းလုပ်ဖို့ဆုံးဖြတ်လိုက်ပြီလား ။ အိမ်မှာနေရင်းနဲ့ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ Gym သွားပြီး ဝိတ်ချတာမျိုးဖြစ်ဖြစ် ကိုယ်က Fitness ကိုစပြီးလုပ်မယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုတော့သိထားသင့်ပါတယ်။ မိန်းကလေးအများစုက အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်လှပဖို့အတွက်ရော၊ ကျန်းမာဖို့အတွက်ပါ ပိုပြီးအလေးပေးလာကြပါတယ်။ အခုမှစပြီးလုပ်မဲ့ Beginner တွေဆိုရင်တော့ လုံးဝကိုအလေးထားသင့်ပါတယ်။

အစားအသောက်

လေ့ကျင့်ခန်းကို ကိုယ်က Long Term သွားရမှဖြစ်တဲ့အတွက် အစားကိုအတင်းတွေလျော့စားလိုက်တာနဲ့နေ့ချင်းညချင်း လှသွားတာမျိုးမဟုတ်ပါဘူးနော်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် တကယ်လေ့ကျင့်ခန်းလုပ်တာက ၃၀ရာခိုင်နှုန်း၊ အစားအသောက်က ၇၀ရာခိုင်နှုန်းဖြစ်ပါတယ်။ အစားအသောက်ကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ကိုဖြည့်တင်းပေးတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။

မှန်ကန်တဲ့နေထိုင်မှု

အစားအသောက်တွေရွေးချယ်စားသောက်တဲ့အခါမှာ မှန်ကန်တဲ့အစားအသောက်ဖြစ်ဖို့ကအဓိကလိုအပ်ချက်ဖြစ်ပါတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နဲ့ အရမ်းပင်ပန်းလိုဆိုပြီး ကိုယ်ခန္ဓာကိုယ်ကိုအဆီပိုတွေပိုတက်စေတဲ့ အစားအသောက်တွေစားလိိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူးနော်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ ဆီကြော်စာ၊ ကယ်လိုရီများတဲ့ အစားအသောက်မျိုးကိုလုံးဝရှောင်သင့်ပါတယ်။

စိတ်ရှည်ပါ

တစ်ပတ်လောက်လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ကိုယ်လိုချင်တဲ့ Bodyလည်းမဖြစ်ဘူးဆိုပြီး ဆက်မလုပ်တော့တာမျိုးလုံးဝမလုပ်သင့်ပါဘူးနော်။လေ့ကျင့်ခန်းလုပ်တာက သဘာဝနည်းအတိုင်းကိုယ့်ခန္ဓာကိုယ်ကို ကျန်းမာအောင်လှအောင်လုပ်တာဖြစ်တဲ့အတွက် ရေရှည်သွားရတာမျိုးဖြစ်ပါတယ်။

Photo Source – Free Pik