အပြုံးတွေက တစ်ခါတလေမှာ ခံစားချက်ကို ဖော်ပြနိုင်သလို၊ တစ်ခါတလေကျတော့ ခံစားချက်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ အပြုံးတွေကို အဓိပ္ပာယ်ဖော်ဖို့ကတော့ သိပ်ခက်ခဲလှတဲ့အရာတော့ မဟုတ်ပါဘူး။

လူတစ်ယောက်က ကိုယ့်ကို စိတ်ထဲကပါလို့ ဝမ်းသာအားရပြုံးပြတာလား၊ ဒါမှမဟုတ် ဟန်ဆောင်ပန်ဆောင်ပြုံးပြတာလားဆိုတာ သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပြုံးပုံပြုံးနည်းလေးတွေကို အတူတူကြည့်လိုက်ရအောင်နော်။

နှုတ်ခမ်းစေ့အပြုံး

နှုတ်ခမ်းစေ့ထားတယ်ဆိုကတည်းက သင့်အကြောင်းကိုသာ သူက နှိုက်နှိုက်ချွတ်ချွတ်သိရင်သိမယ် သူ့ရဲ့ လျှို့ ဝှက်ချက်တွေကို သင့်ကို ပြောပြဖို့စိတ်ကူးမရှိပါဘူး။

မထိပြုံး

နှုတ်ခမ်းတစ်ဝက်အပေါ်တက်နေတာက သင့်ဆီမှာ ကောင်းတဲ့အရာတစ်ခုကို ရှာဖွေတွေ့ ရှိထားတယ်ဆိုတဲ့ သဘောပါ။ နောက်နှုတ်ခမ်းတစ်ဝက်က အောက်စိုက်နေတာကတော့ သူက ဘာကိုမှ ဂရုမစိုက်တတ်ပေမယ့် တဇွတ်ထိုး တဇောက်ကန်းသမားတစ်ယောက်တော့ မဟုတ်ကြောင်း ဖော်ပြနေတာပါ။

ဟန်ဆောင်ပြုံး

ကိုယ်က တစ်ခုခုကို စိတ်ဆိုးဒေါသထွက်နေချိန်၊ ဒါမှမဟုတ် စိတ်ညစ်နေချိန်မှာ မမျှော်လင့်ဘဲ အသိတစ်ယောက်နဲ့ တွေ့တဲ့အခါ အတင်းဖျစ်ညှစ်ပြီး ပြုံးလိုက်ရတဲ့ အပြုံးမျိုးပါ။ နှုတ်ခမ်းကပြုံးနေပေမယ့် မျက်လုံးအကြည့်ကတော့ လိမ်လို့ မရပါဘူး။

ဝမ်းသာအားရအပြုံး

ဒီလို စစ်မှန်တဲ့အပြုံးကတော့ သူ့ရဲ့ ပျော်ရွှင်မှုကို တလောကလုံး ကြေညာလိုက်တာနဲ့ တူပါတယ်။ ဒီအပြုံးပိုင်ရှင်က သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်စေပါတယ်။

လှောင်ပြုံး

ဒီလို အပြုံးပိုင်ရှင်တွေကတော့ အတ္တကြီးတဲ့သူတွေပါပဲ။

တင်းတမ်ရောင့်ရဲတဲ့ အပြုံးလား၊ မဲ့ပြုံးလား

သင်တို့နှစ်ယောက် ပြောနေတဲ့ စကားအသွားအလာ၊ အခြေအနေပေါ် မူတည်ပြီးတော့မှ ဒီအပြုံးအဓိပ္ဗာယ်က ပြောင်းလဲသွားပါတယ်။ ကျေနပ်ပြီးတင်းတိမ်ရောင့်ရဲတဲ့ အပြုံးလည်းဖြစ်နိုင်သလို၊ ရွဲ့ ပြုံးလည်းဖြစ်နိုင်ပါတယ်။

ပါးစပ်ဟပြီး ပြုံးတဲ့အပြုံး

ဒီလိုအပြုံးကတော့ Selfie ဆွဲရင် ပြုံးလို့ကောင်းတဲ့ အပြုံးမျိုးပါပဲ။

မချိုမချဉ်အပြုံးလေး

တစ်ယောက်ယောက်နဲ့ အကြည်စိုက်တာတို့၊ တစ်ယောက်ယောက်ကို စိတ်ဝင်စားနေချိန်၊ ကိုယ့်အပေါ် စိတ်ဝင်စားလာအောင် ဆွဲဆောင်ချိန်မှာ ပြုံးတဲ့ အပြုံးလေးပါ။

ပုံသေကားချပ်အပြုံး

Pan Am လေကြောင်းလိုင်းက လေယာဉ်မယ်လေးတွေက ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါ ဒီလို ပြုံးဖို့ လေ့ကျင့်ထားရတာကြောင့် Pan Am အပြုံးလို့ အမည်တွင်ခဲ့ပါတယ်။ ဒီအပြုံးလေးကတော့ စိတ်ထဲကမပါဘဲ ဝတ္တရားအရသာ ပြုံးတဲ့ အပြုံးလေးပါပဲ။