ယနေ့ခေတ်လို အလုပ်အရမ်းများလွန်းတဲ့ ၂၁ ရာစုခေတ်ကြီးမှာ လူအများစုဟာ သူတို့ရဲ့အသားအရေကို လျစ်လျူရှုတတ်ကြပါတယ်။ ဒါပေမဲ့ Skincare ထိန်းသိမ်းမှုဟာ တစ်စထက် တစ်စ အရေးပါလာသည်နှင့်တစ်ပြိုင်နက် အသားအရေကို အရင်ကလို လျစ်လျူရှုထားလို့ မရတော့ပါဘူး။

ဒီဆောင်းပါးလေးထဲမှာတော့ လူအများစု ကြုံတွေ့ရလေ့ရှိတဲ့ အသားအရေပြဿနာများနှင့် ထိုပြဿနာများအတွက် ဖြေရှင်းနည်းတွေပဲဖြစ်ပါတယ်။

အသားအရေအဆီပြန်ခြင်း

မျက်နှာတွင် Sebum ထုတ်လုပ်မှုဟာ မြင့်မားလွန်းတဲ့အတွက်ကြောင့် အဆီပြန်ခြင်းပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ အသားအရေအဆီပြန်ခြင်းကို ထိန်းချုပ်ဖို့ရန်အတွက် Sebum ထုတ်လုပ်မှုကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် Moisturiser များများ လိမ်းကျံပေးရပါမယ်။

ဝက်ခြံပေါက်ခြင်း

ဝက်ခြံပေါက်ခြင်းဟာ ဆယ်ကျော်သက်များတွင်သာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားသူများသည်လည်း ဝက်ခြံပြဿနာများကို ကြုံတွေ့ရလေ့ရှိပါတယ်။

စိတ်ဖိစီးမှုများခြင်း၊ ချွေးထွက်များခြင်းကြောင့် ဝက်ခြံပေါက်ရခြင်းဖြစ်ပါတယ်။ ဒီပြဿနာအတွက်တော့ အသားအရေကို အရင်ကထက် ပိုမိုသန့်ရှင်းအောင် ဂရုစိုက်ရပါမယ်။

တစ်နေ့လျှင် နှစ်ကြိမ် မျက်နှာသစ်ရပါမယ်။ တကယ်လို့ ဝက်ခြံက အခြေအနေအရမ်းဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

မျက်တွင်းချိုင့်ခြင်း

အိပ်ရေးမဝတဲ့အခါ မျက်တွင်းချိုင့်ခြင်း၊ မျက်အိတ်တွဲကျခြင်း၊ မျက်ဝန်းတဝိုက် အရေးအကြောင်းပေါ်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းကတော့ အိပ်ချိန်မှန်ဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များ စားသုံးဖို့ပါပဲ။ ဒါ့အပြင် Eye Cream များလည်း လိမ်းကျံပေးနိုင်ပါတယ်။

အသားအရေ ခြောက်သွေ့ခြင်း

အသားအရေ ခြောက်သွေ့ရတဲ့အကြောင်းအရင်းများကတော့ နေလောင်ဒဏ်၊ အလုပ်စိတ်ဖိစီးမှုများနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဒဏ်များပဲဖြစ်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းကြောင့် ယားယံခြင်းအပြင် အခြားသော ရောဂါလက္ခဏာများ ကြုံတွေ့ရတတ်ပါတယ်။

ဒီပြဿနာအတွက် ဖြေရှင်းနည်းကတော့ Moisturiser များများ လိမ်းကျံပေးဖို့နဲ့ ရေများများ သောက်သုံးဖို့ပါပဲ။