တစ်အိုးတစ်အိမ်ထောင်လိုက်ပေမယ့် ဖောက်ပြန်တတ်သူကတော့ သစ္စာကိုမျက်ကွယ်ရာရောက်ရင် ချနင်းတတ်ပါတယ်။ အိမ်ထောင်ရေးမှာ နောက်မီးလင်းတာ ၊ ခြံခုန်တာ စတဲ့ ဝေါဟာရ ဘယ်လိုပဲသုံးသုံး ကျင့်ဝတ်ကို ဖောက်ဖျက်တာ ဖြစ်ပါတယ်။

အိမ်ထောင်ရှင်တွေနဲ့ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ သူတွေကို ကြည့်မယ်ဆိုရင် အခုပြောတဲ့ သူ ၅ ဦးက ဖြစ်နိုင်ခြေအများဆုံးပါပဲ။

(၁) လုပ်ဖော်ကိုင်ဖက်

အိမ်ထောင်ရေးနဲ့မိသားစုရေးရာ လေ့လာချက်တစ်ခုအရ ယောင်္ကျားမိန်းမ ၃၆% ခန့်ဟာ တစ်ရုံးတည်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖောက်ပြန်တယ်လို့ဆိုပါတယ်။ အလုပ်မှာ တော်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ ဆွဲဆောင်မှူရှိတဲ့သူတွေနဲ့ဖောက်ပြန်ဖို့က ရာခိုင်နှူန်းပိုများတယ်လို့လည်း ဒီသုတေသနက ပြောပါတယ်။

အလုပ်ခွင်ဆိုတာ အိမ်မှာထက် အချိန်ပိုပေးရတဲ့ နေရာဖြစ်ပြီး ဒီနေရာမှာ တွေ့ကြုံနေရတဲ့ နေ့စဉ်ခံစားမှူ ၊ အတွေ့အကြုံနဲ့ရုန်းကန်ခြင်းဟာ ကိုယ့်အိမ်ထောင်ဖက်ထက် အလုပ်ခွင်ထဲက အတူတွေ့ကြုံနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ပိုပြီး စိတ်ညွှတ်စေနိုင်ပါတယ်။

(၂) အိမ်နီးနားချင်း

ဖောက်ပြန်နိုင်ခြေများတဲ့ နောက်တစ်မျိုးက အိမ်နီးနားချင်းတွေပါပဲ။အိမ်နီးချင်းတွေနဲ့အကူး အလူးများတဲ့ အိမ်ထောင်ရှင်တွေဟာ ပိုပြီး စိတ်မချရတဲ့ အထဲမှာ ပါနေပါတယ်။ အိမ်နီးချင်းနဲ့ဖောက်ဖြန်မှူမှာ ယောင်္ကျားတွေထက် မိန်းမတွေက ပိုများတယ်လို့လည်း အချက်အလက်တွေက ဆိုပါတယ်။

(၃) Gym မှာ ဆုံတဲ့သူ

အားကစားခန်းမတွေမှာ Gym ကစားရင်း ဆုံတဲ့သူတွေနဲ့လည်း ဖောက်ပြန်နိုင်ခြေရှိပါတယ်။ အခုခေတ်မှာ ယောင်္ကျားမိန်းမမရွေး Gym ခန်းသွားကြပြီ ဖြစ်ပါတယ်။ Gym ကစားချိန်မှာ လူတစ်ယောက်ရဲ့ ပင်ကိုယ်အလှကို စိတ်လှူပ်ရှားစရာ အနီးကပ်မြင်ရ ၊ ဆုံဆည်းဖြစ်ကြတာကြောင့် ဖောက်ပြန်ချင်စိတ် ဖြစ်တတ်ပါတယ်။

(၄) အွန်လိုင်းမှာ တွေ့တဲ့သူ

လူမှူကွန်ရက်ခေတ်ကြီးမှာ Facebook ပေါ်ကနေ တွေ့ကြရ ကျူကြရင်းကနေ အိုးအိမ်ထောင် ပျက်ရတယ်ဆိုတဲ့ သတင်းဟာ ဟိုနားဒီနား ကျွန်တော်တို့မကြာမကြား ကြားနေကျပါပဲ။ အိမ်ထောင်ရှင်တွေအနေနဲ့Facebook ၊ Instagram စတဲ့ လူမှူကွန်ရက်တွေ သုံးစွဲမှူအပေါ် စည်းကမ်းထားဖို့လည်း အရေးကြီးလာပြီ ဖြစ်ပါတယ်။

(၅) အဆက်ဟောင်း

အနှစ်နှစ် အလလက ကွဲသွားတဲ့ ရည်းစားဟောင်းနဲ့အွန်လိုင်းမှာ ပြန်ဆုံတယ်ဆိုတာမျိုးဟာ အန္တရာယ်ရှိပါတယ်။ စိတ်မနိုင်ရင်နှစ်ယောက်စလုံး နောက်ပြန်လည်ပြီး ဖောက်ပြန်တဲ့အထိ ရောက်သွားနိုင်ပါတယ်။

အိမ်ထောင်ရေးတစ်ခုရဲ့ အရေးကြီးလှတဲ့ စံတန်ဖိုးကသစ္စာတရားဖြစ်ပါတယ်။ ဒီသစ္စာတရားကို စောင့်ရှောက်ဖို့နှစ်ယောက်တစ်အိပ်မက်မက်ခဲ့ပြီးမှ တစ်ယောက်ကိုတစ်ယောက် ဖောက်ပြန်လိမ်ညာရင် ဒါဟာ ဝမ်းနည်းနာကျင်စရာပါ။ ဒီအစားလက်ထပ်မှူကို ရှောင်လိုက်တာကမှ ပိုပြီးမှန်ကန်မယ်လို့တောင် ရက်ရက်စက်စက် ပြောချင်ပါတယ်။