ချစ်သူရွေးချယ်တဲ့အခါမှာ အမှန်တကယ်ပျော်ရွှင်ရဖို့အတွက်ဆိုရင် သေချာလေးလေးနက်နက်စဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်။ ကိုယ့်အပေါ်ကောင်းပြနေတာလေးကိုမြင်ရုံနဲ့ ချစ်မိသွားပြီး အဖြေပေးလိုက်မျိုး မလုပ်သင့်ပါဘူးနော်။ ဒါကြောင့် သင့်အချစ်ရေးမှာ ကံကောင်းပျော်ရွှင်ရတဲ့သူတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီလိုမျိုးယောကျာ်းလေးတွေကို ဝေးဝေးရှောင်လိုက်ပါ။ ကဲ…ဘယ်လိုလူမျိုးတွေကို ချစ်သူအဖြစ် မစဉ်းစား မရွေးချယ်သင့်သလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

အမြဲလိမ်ညာတတ်တဲ့သူမျိုး


ကိုယ့်ကိုလိမ်ရင် ဘယ်သူ့မှမကြိုက်ပါဘူး။ အရမ်းစိတ်ဆိုးကြပါတယ်။ သင်ကိုယ်တိုင်လည်း လိမ်တာညာတာကို အရမ်းမုန်းတယ်ဆိုရင်တော့ အမြဲလိမ်ညာတတ်တဲ့သူကို ချစ်သူအဖြစ် မရွေးချယ်သင့်ပါဘူး။

Exကိုမမေ့နိုင်သေးတဲ့သူ

ရည်းစားဟောင်းကို မမေ့နိုင်သေးတာ သိသိရက်နဲ့ ကိုယ့်အပေါ်ကောင်းနေတာပဲ၊ သူငါ့ကို သဘောကျနေတာပဲ၊ ငါလည်း သူ့ကိုချစ်နေတာပဲ၊ သူ့ရည်းစားဟောင်းကို အချိန်တန်ရင် မေ့သွားမှာပါလို့တွေးပြီး လက်မခံလိုက်ပါနဲ့။ သင်ပဲ့ စိတ်ဆင်းရဲရပါလိမ့်မယ်။

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူ

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူက သင်ဘာဖြစ်ဖြစ်ဂရုမစိုက်ပါဘူး။ သူ့အတွက်ပဲသူကြည့်တာပါ။ ဒီလိုလူမျိုးမှန်းသိရက်နဲ့ ရွေးချယ်မိရင်တော့ အချစ်ရေးမှာ အထစ်အငေါ့တွေ ဖြစ်လာနိုင်ပါတယ်။

အမြဲလက်ပါတတ်တဲ့သူမျိုး

တစ်ခုခုဆို အမြဲရန်ဖြစ်၊ ရန်ဖြစ်တိုင်းလည်း ဒေါသအရမ်းကြီးပြီး လက်ပါတတ်တဲသူ၊ ကိုယ်ထိလက်ရောက်လုပ်တတ်တဲ့သူကို တွဲဖို့ လုံးဝမစဉ်းစားသင့်ပါဘူးနော်။ အဲ့ဒီလိုလူမျိုးကို သင်ရွေးချယ်လိုက်ရင်တော့ သင့်ပဲထိခိုက်နာကျင်ရပါလိမ့်မယ်။