မိန်းကလေးအများစုဟာ သူတို့ရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်တော့မယ်ဆိုရင် အရင်ဆုံး အရည်အချင်းစစ်ကြပါတယ်။ အကယ်၍ အခုပြောပြမယ့် ပုံစံတွေနဲ့သာ ကိုက်ညီနေရင်တော့ ဘယ်လောက်ရုပ်ချောတဲ့ ကောင်လေးဖြစ်နေပါစေ ရွေးချယ်ဖို့ စဉ်းစားကြမှာမဟုတ်ပါဘူး။

ကဲ ဒါဆို မိန်းကလေးတွေ မကြိုက်တဲ့ အကျင့်စရိုက်ပုံစံတွေ က ဘယ်လိုလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

(၁) ရည်မှန်းချက်မရှိခြင်း

တကယ်တော့ မိန်းကလေးတွေဟာ ကြွယ်ဝချမ်းသာတဲ့ အမျိုးသားတွေကို လိုချင်ကြတာမဟုတ်ပါဘူး။ ချမ်းသာခြင်းထက် အဓိက ဘဝမှာ ရည်မှန်းချက်ရှိရှိနဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေကို ပိုပြီး နှစ်သက်ကြတာဖြစ်ပါတယ်။

ရည်မှန်းချက်မရှိ ဘဝအနာဂတ်လည်း မရှိတဲ့သူတွေကိုတော့ စဉ်းစားမှာမဟုတ်ပါဘူး။

(၂) ဖောက်ပြန်တတ်ခြင်း

မိန်းကလေးတွေဟာ သစ္စာတရားကို အသက်ထပ်ပိုပြီး မြတ်နိုးခုံမင်ကြတာ ဖြစ်ပါတယ်။ ကိုယ့်လက်တွဲဖော်က ကိုယ်အပေါ်သစ္စာဖောက်သွားတာကို အမုန်းဆုံးပါ။

ဒါကြောင့်ဖောက်ပြန်ခြင်းနှင့် အသားကျနေတဲ့သူတွေ မိန်းကလေးတွေနဲ့ ပရောပရည်နေတက်သူတွေ သစ္စာတရားကို တန်ဖိုးမထားသူတွေကို လုံးဝလုံးဝ လက်ရှောင်လေ့ရှိကြပါတယ်။

(၃) ဒေါသစိတ်မထိန်းချုပ်နိုင်ခြင်း

မိန်းကလေးတွေဟာ ကြင်ကြင်နာနာနဲ့ နွေးထွေးတဲ့ ပြောဆိုဆက်ဆံခြင်းတွေကိုပဲ လိုချင်ကြတာပါ။ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေ ဆဲဆိုသံတွေ လက်ပါခြေပါခြင်းတွေနဲ့ ဒေါသစိတ်ထိန်းချုပ်မနိုင်တဲ့လူတွေကို ရေရှည်လက်တွဲရမှာ ကြောက်ကြပါတယ်။

(၄) အာဏာရှင်ဆန်ခြင်း

မိန်းကလေးတွေဟာ တန်းတူညီမျှဆက်ဆံခြင်းကို လိုလားကြပါတယ်။ ငါက ယောကျာ်းမလို့ အိမ်ထောင်ဦးစီးဖြစ်လို့ဆိုတဲ့ တလွဲခံယူချက်တွေနဲ့ အထက်စီးက ဆက်ဆံချင်တာ အာဏာရှင်ဆန်တာမျိုးတွေကို လုံးဝမကြိုက်ကြပါဘူး။

ဘယ်အရာမဆို နှစ်ဦးသား တိုင်တိုင်ပင်ပင်နဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ရတာမျိုးကို လိုလားတာပါ။ အာဏာရှင်ဆန်စွာနဲ့ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ထားတဲ့သူတွေကို လက်ရှောင်ကြတာ သေချာပါတယ်။