တကယ်ချစ်တဲ့သူတွေအတွက် ဘယ်အရာကမှ ခွဲခွာလို့ မရဘူး ဆိုတာလက်ခံပါသလား။ အပြည့်အဝတော့မဟုတ်ပေမယ့် ခွဲလို့မရနိုင်တဲ့ရာခိုင်နှုန်းက ၈၀ % လောက်တော့ရှိပါတယ်။ဒါပေမယ့် တကယ်မချစ်တဲ့သူကတော့ ဖြစ်နိုင်တာမဖြစ်နိုင်တာတွေ မစဉ်းစားတော့ပါဘူး။ အူကြောင်ကြောင် ယုတ္တိမရှိတဲ့စကားတွေနဲ့လည်း ထားသွားချင်ထားသွားနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးတွေလမ်းခွဲချင်ရင် အဆက်ဖြတ်ချင် ရင်သုံးလေ့ရှိတဲ့စကားတွေကိုပြောပြပေးချင်ပါတယ်။

(၁) အိမ်ကသဘောမတူလို့

နည်းနည်းမြန်မာကားဆန်တဲ့စကားလို့ပြောရမှာပါပဲ။အပြင်လောကမှာလည်းတကယ်မရှိဘူးမထင်နဲ့နော်။အိမ်ကသဘော မတူလို့ လမ်းခွဲခံလိုက်ရတဲ့ အချစ်သူရဲကောင်းကြီးတွေလက်ချိုး ရေလို့ မရနိုင်အောင်အများကြီးရှိပါတယ်။စဉ်းစားကြည့်ပါ တကယ်ချစ်ရင် အိမ်ကသဘောတဲ့အထိကြိုးစားမယ် သဘောမတူတာဘယ်အချက်တွေကြောင့်လဲ အဲ့အချက်တွေကိုပြုပြင်ပြီး အကောင်းဆုံးကြိုးစားမယ်။နောက်ဆုံးဘယ်လိုမှသဘောမတူ ရင် ခိုးပြေးမယ်ဆိုတာအထိလုပ်လို့ရပါတယ်။အဓိကတကယ် မချစ်လို့ပါ။တကယ်ချစ်ရင်လမ်းခွဲဖို့ထက် သဘောတူတဲ့အထိကြိုးစားခိုင်းမှာပါ။

(၂) ဗေဒင်နက္ခက်တွေခိုင်းလို့

မိန်းကလေးအများစု ဗေဒင်နက္ခ်တွေယုံကြည်ကြတာအဆန်း တော့မဟုတ်ပါဘူး။ဒါပေမယ့် သင်ကိုအဆက်အသွယ်ဖြတ်ချင်နေပြီဆိုရင်တော့ သင်နဲ့ ဆက်တွဲရင် ကံဆိုးမယ် အသက်အန္တရာယ်ရှိတယ် တစ်ဘဝလုံးဆင်းဆင်းရဲရဲနေရမယ် စတဲ့အကြောင်းပြချက်တွေနဲ့ သင်နဲ့လမ်းခွဲမှ ကံပြန်ကောင်းလာမယ်ဆိုတဲ့ဆန်းကြယ်သောယတြာတွေအကြောင်းပြပြီး လမ်းခွဲစကားဆိုလာတက်ကြပါတယ်။တကယ်ချစ်ရင်အညံ့တွေရှိပါဆိုရင် တောင် လမ်းခွဲတဲ့ယတြာတော့ချေမယ်မထင်ပါဘူးနော်။

(၃) သူငယ်ချင်းလိုပဲနေချင်လို့

ဒါလည်းနည်းဗျူဟာတစ်မျိုးပါပဲ။ချစ်သူတွေလိုနေရတာ သဝန် တိုတာတွေ ပြဿနာတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် စိတ်ကုန်ပြီးမုန်းသွားတာမျိုးမဖြစ်ချင်လို့ သူငယ်ချင်းလိုပဲ နေရ အောင်ဆိုပြီးလမ်းခွဲစကားပြောတက်ကြပါသေးတယ်။Friend Zone မှာသဝန်တိုတာတွေ စိတ်ကောက်တာတွေ ပြဿနာတွေမရှိဘဲ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်ပေါ့။အဲ့လိုပြောပြီးလမ်းခွဲတဲ့သူတွေပဲ မကြာခင်နောက်တစ်ယောက် ရသွားတာမျိုးပါ။

(၄) တစ်ယောက်တည်းနေချင်လို့

မိန်းကလေးတွေလမ်းခွဲချင်ရင် အချစ်ကိုစိတ်ကုန်သွားတဲ့အထာမျိုးနဲ့ တစ်ယောက်တည်းနေချင်တယ်ဆိုပြီး လမ်းခွဲစကား ပြောလာတက်ကြပါတယ်။တကယ်တော့ဒါလဲအကြောင်းပြချက်တစ်မျိုးပါပဲ။နောက်တစ်ယောက်နဲ့ ဇာတ်လမ်းစချင်လို့ ဖြစ် စေ သင်နဲ့တွဲရတာမပျော်တော့လို့ဖြစ်စေ လမ်းခွဲချင်လာရင် ပြောလေ့ရှိတဲ့စကားတစ်ခုပါ။တစ်ယောက်တည်းနေချင်ပါတယ် ဆိုတဲ့သူတွေကိုသွားကြည့်လိုက်ပါ။ရည်းစားမကျသူငယ်ချင်း မကျတဲ့ ယောကျာ်းလေးသူငယ်ချင်း BFF ကြီးတွေနဲ့ ဟီးဟီးဟားဟား ဖြစ်နေတာ မြင်ရပါလိမ့်မယ်။