သင်က စာအုပ်ဖတ်ရတာ သဘောကျတဲ့ ကောင်မလေး တစ်ယောက် ဒါမှမဟုတ် စာအုပ်တွေကို စိတ်ဝင်စားတဲ့ ကောင်မလေးဆိုရင် အခု ဖော်ပြထားတဲ့ ပုံစံတွေ၊ အမူအကျင့်တွေထဲက တစ်ခုကိုတော့ သင်ပိုင်ဆိုင်ထားပါလိမ့်မယ်။ စာအုပ်ဖတ်လေ့ရှိတဲ့ ကောင်မလေးတွေမှာ စာအုပ်တွေအပေါ် ထားရှိတဲ့ ထူးခြားတဲ့ အမူအကျင့်တွေ ရှိတတ်ပါတယ်။ သင်က ဘယ်စာဖတ်သူ အမျိုးအစားထဲ အကျုံးဝင်သွားမလဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်။

၁။ စာဖတ်မြန်တဲ့သူ

သူများတွေက စာအုပ်တစ်အုပ်ကို တစ်ပတ် ဖတ်ရင် သူတို့က သုံးရက်တည်းနဲ့ ပြီးသွားတတ်ကြပါတယ်။ သူတို့တွေက စာအုပ်တစ်အုပ်ကို ကြိုက်ရင် တစ်ထိုင်တည်း ဖတ်တတ်ကြပါတယ်။

၂။ Moti ရရင် ထဖတ်သူ

ဒီလို ကောင်မလေးတွေကျ အပေါ်နဲ့ ပြောင်းပြန်ပါ။ စာအုပ်ကို ပြီးအောင် ဖတ်ကြပေမယ့် စာဖတ်နှေးကြပါတယ်။ သူတို့က စာအုပ်ကို နားလည်အောင်ဖတ်ပြီး ဖတ်ဖို့ Moti ရှိမှ ကောက်ဖတ်ကြတာပါ။

၃။ စာအုပ် စုဆောင်းရေးသမား

စာအုပ်ထွက်သမျှကို လိုက်စုကာ ဝယ်တတ်သူတွေလည်း ရှိပါသေးတယ်။ သူတို့တွေက စာအုပ် တွေကို ချစ်မြတ်နိုးသူတွေ ဖြစ်ပါတယ်။

၄။ ခဏငှားပြီး ပြန်မပေးသူ

ဒါကျ တစ်မျိုးပါ။ သူများဆီက စာအုပ်ငှားဖတ်ကာ ဆိုးတာက ဖတ်ပြီး ပြန်မပေးကြတာပါ။ တစ်ခါတလေ သူတို့က ဖျောက်ပါ ဖျောက်တတ်ကြပါသေးတယ်။

၅။ စာအုပ်တစ်အုပ် ရွေးဖို့ နှစ်နဲ့ချီသူ

သူတို့ကကျ ဘယ်စာအုပ်ကောင်းလဲ ရွေးရင်း အချိန်ကုန်တတ်ကြပါတယ်။ သူတို့ ဖတ်တဲ့ စာအုပ်က လုံးဝ အကောင်းဆုံး ဖြစ်ရမယ်၊ အကြိုက်ဆုံး ဖြစ်နေရမယ်ဆိုပြီး ရွေးဖတ်တာပါ။

၆။ ဘယ်တော့မှ ဖတ်လို့မပြီးသူ

ဒီအမျိုးအစားကကျ အလွယ်တကူ ငြီးငွေ့လွယ်သူတွေ ဖြစ်ပြီး စာအုပ်တစ်အုပ်ကို ပြီးအောင် မဖတ်ကြပါဘူး။ ဖတ်လို့မပြီးပေမယ့် ကြိုက်လောက်မယ့် စာအုပ်တွေဆို ဝယ်နေတုန်းပါပဲ။

၇။ အဖုံးလှမှ ဝယ်မယ်

စာအုပ်တစ်အုပ်ကို အဖုံးလှမှ ဝယ်တဲ့ အဖွဲ့လည်း ရှိပါသေးတယ်။ သူတို့ကကျ စာအုပ်လှလှလေး ဝယ်ပြီးရင် Social Media ပေါ် ပုံတွေ တင်တတ်ကြပါတယ်။

၈။ စာကြမ်းပိုး

ဒီကောင်မလေးတွေကတော့ အားတိုင်း စာအုပ်ဖတ်နေသူတွေပါ။ တစ်နေရာရာ သွားလည်း စာအုပ်၊ အားတာနဲ့ စာအုပ်ဆိုပြီး ဖြစ်တတ်သူတွေပါ။

သင်က ဘယ်စာဖတ်သူ အမျိုးအစားထဲ ပါလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar