သင့်ဘဝမှာ ဖော်ပြပါ သူငယ်ချင်း ပုံစံတွေထဲက အနည်းဆုံး တစ်မျိုးလောက်နဲ့တော့ ကြုံဖူးပါလိမ့်မယ်။ သင့်ဘဝ တစ်လျှောက် သင့်ကို ဂရုစိုက်မှုတွေ ပေးတဲ့ မိတ်ဆွေတွေ ရှိနိုင်သလို ဘဝသင်ခန်းစာ ပေးခဲ့သူတွေလည်း ရှိမှာပါ။ သူငယ်ချင်း အပေါင်းအသင်း ပုံစံက အမျိုးမျိုး ရှိမှာပါ။ သင်က ဘယ်သူငယ်ချင်း အုပ်စုအမျိုးအစားထဲ ပါဝင်လဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်-

၁။ မိန်းကလေးဆန်ပြီး မိန်းကလေး ပီသတဲ့ သူငယ်ချင်း အုပ်စု

သင်တို့ သူငယ်ချင်းတွေက အလှအပ နှစ်သက်သူတွေချည်းပါပဲ။ ဓာတ်ပုံ ရိုက်ရင်လည်း သင်တို့ အကုန်လုံးက ကြည့်ကောင်းကာ လှလေ့ရှိပါတယ်။ ဒါ့အပြင် သူငယ်ချင်းတိုင်းလိုလို ပို့စ်ပေးတတ်ကြပါတယ်။ ကိုယ့်နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ မိန်းကလေးတွေလည်း ဖြစ်ပါတယ်။

၂။ ကာကွယ်ပေးတတ်တဲ့ သူငယ်ချင်းတွေ

သင့် သူငယ်ချင်းအများစုက တစ်ခုခုဆိုတာနဲ့ ကာကွယ်ဖို့ အသင့်ပါပဲ။ ကောင်လေးတစ်ယောက်ကို ပညာပြရမယ်ဆိုလည်း အုပ်စုလိုက် ပညာပြတတ်ကြပါတယ်။ ကိုယ့် သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။

၃။ အတုအယောင် သူငယ်ချင်း အုပ်စု

ဒီ အုပ်စုကတော့ သူငယ်ချင်း အမျိုးအစားထဲမှာ အဆိုးဆုံးလို့ ဆိုနိုင်ပါတယ်။ သူတို့က ပေါင်းသာ ပေါင်းနေရတာ တစ်ယောက်နဲ့ တစ်ယောက် သိပ်သဘောမကျကြပါဘူး။ မဖြစ်မနေ အနေအထားကြောင့် ပေါင်းသင်းနေရတာမျိုးပါ။ တစ်ယောက်အကြောင်း တစ်ယောက် အတင်းပြောဖို့လည်း တာဝန်မပျက်စေရဘဲ အတုအယောင် သူငယ်ချင်းတွေ ဖြစ်ပါတယ်။

၄။ ဆန့်ကျင်ဘက် သူငယ်ချင်း အုပ်စု

သင်တို့ သူငယ်ချင်းတွေက အကြိုက်မတူကြပါဘူး။ တစ်ယောက်က မိန်းကလေး ပီသတဲ့အချိန် ကျန်တဲ့ တစ်ယောက်ကတော့ ယောက်ျားဆန်ကာ အပင်ပေါ် တက်ရမယ်ဆိုရင် တက်မယ့် သူငယ်ချင်းမျိုးပါ။ တစ်ယောက်က အပူကြိုက်ရင် တစ်ယောက်က အအေး ကြိုက်ပါတယ်။ ဒါပေမဲ့ သင်တို့ သူငယ်ချင်းတွေက ဘယ်လောက်ပဲ ဆန့်ကျင်ဘက် ဖြစ်ပါစေ တစ်ခုခု ဆိုရင် တစ်ယောက်အတွက် တစ်ယောက် ရပ်တည် ပေးကြဖို့ မမေ့တတ်ကြပါဘူး။

၅။ တစ်ယောက် စတိုင် တစ်ယောက်တူအောင် လုပ်မယ်

ဒီအဖွဲ့ကတော့ တစ်မျိုးပါ။ တစ်ယောက်က စာကျက်ရင် ကျန်တဲ့ တစ်ယောက်ပါ လိုက်တူအောင် ကျက်ပါတယ်။ တစ်ယောက် ဒီအင်္ကျီဝယ်ရင် ကျန်တဲ့သူကပါ လိုက်တူအောင် ဝယ်ချင်ပါတယ်။ ပြောရရင် ကိုယ်လုပ်တဲ့ဟာအတိုင်း လိုက်လုပ်မယ့် သူငယ်ချင်းတွေက အသင့် ရှိတတ်ပါတယ်။

၆။ အမေနဲ့ သမီး

ဒီသူငယ်ချင်းတွေကတော့ “သမီးရယ်.. အမေ့တုန်းကတော့ ဘယ်လို”ဆိုတဲ့ စတိုင်မျိုးသွားတဲ့ အုပ်စုပါ။ အချင်းချင်း ဂရုစိုက် ဖေးမကြကာ တစ်ယောက် လမ်းမှားရောက်ရင် နောက်တစ်ယောက်က မိခင်တစ်ဦးလို အော်ဟစ် ဆူပူတတ်ပါတယ်။ ကိုယ့်သူငယ်ချင်း ဒုက္ခရောက်အောင် မလုပ်တတ်တဲ့ အုပ်စု ဖြစ်ပါတယ်။

၇။ Long Distance

ဒီသူငယ်ချင်း အမျိုးအစားကတော့ အနေဝေးတဲ့ သူငယ်ချင်းတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် နေတာ ဝေးပေမယ့် အမြဲ အဆက်အသွယ် မပြတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ဆက်သွယ်နိုင်တဲ့ နေရာက Social Media ပေါ်ပဲ ဖြစ်တတ်ပါတယ်။ သူတို့က အနေဝေးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မေ့သွားလေ့မရှိပါဘူး။

သင်က ဘယ်သူငယ်ချင်း အုပ်စုထဲ ရောက်ဖူးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar