တစ်ခါတလေ ဂျင်းဘောင်းဘီ အရွယ်အစားတွေက မမှန်တတ်ပါဘူး။ Cutting ကျခြင်းနဲ့ ချုပ်သားမှန်ခြင်း မရှိတဲ့ အထည်တွေမှာဆို ပိုသိသာပါတယ်။ နှစ်ကြိမ် ၃ ကြိမ်လောက် ရေလျှော်လိုက်ချိန်မှာ ဘောင်းဘီရဲ့ Fitting က ပြောင်းသွားတတ်ပါတယ်။

တကယ်လို့ ကိုယ်ဝယ်လာတဲ့ Jeans Pant ရဲ့ ဆိုဒ်က သေးပြီး မကိုက်ဘူးလို့ ခံစားရရင် အလွယ်ဆုံး ဆိုဒ်ပြင်နိုင်မယ့်နည်းတချို့ ရှိပါတယ်။

(၁) ရေခပ်နွေးနွေးနဲ့လျှော်ခြင်း

ပထမနည်းလမ်းက ကိုယ့်ဘောင်းဘီကို ရေကြက်သီးနွေးထဲမှာ စိမ်ထားဖို့ပါပဲ။ ဒီလို စိမ်ရာမှာ ခါးနေရာကို ချောင်ချောင်ချိချိ ဖြစ်စေချင်ရင် ခါးအပိုင်းကို ရေခပ်နွေးနွေးနဲ့ စိမ်ချင်စိမ်/ ဒါမှမဟုတ် ဆွတ်ဖြန်းထားပါ။ ပြီးရင် ကိုယ်လိုချင်တဲ့ Direction အတိုင်း ဆွဲဆန့်ပေးပါ။ ပြီးမှ ချိတ်နဲ့ ဖြောင့်ဖြောင့်တန်းတန်း ဆန့်ဆွဲချိတ်ပြီး အခြောက်ခံရမှာ ဖြစ်ပါတယ်။

(၂) ရေဝတ်ချိုးခြင်း

နောက်တစ်နည်းကို Warm Bath စနစ်လို့ ဆိုကြပါတယ်။ Jeans တွေ ဆိုဒ်မကိုက်ဘဲ နည်းနည်းကျပ်နေရင် ရေဝတ်ပြီးချိုးပါ။ ရေကတော့ ခပ်နွေးနွေးဖြစ်ဖို့ လိုပါတယ်။ ပူစရာမလိုပါဘူး။ အကောင်းဆုံးက ရေခပ်နွေးနွေးဖြည့်ထားတဲ့ ကန်ထဲမှာ ၁၅ မိနစ်ကြာအောင် ဘောင်းဘီဝတ်ပြီး ထိုင်နေဖို့ပါ။

ပြီးရင်ဘောင်းဘီအိတ်နဲ့ ခါးနေရာတွေကို ဆွဲဆန့်ပေးပါ။ ဒါပြီးရင် အပေါ်မှာ ပြောခဲ့သလို ချိတ်တစ်ခုနဲ့ ဆန့်ဆန့်ပြန့်ပြန့် ချိတ်ဆွဲပြီး အခြောက်ခံရမှာ ဖြစ်ပါတယ်။ ခြောက်သွေ့သွားပြီဆိုရင် သင့်ဘောင်းဘီဟာ ခါးမှာ အဆင်ပြေပြေ ဝတ်လို့ကောင်းနေတာ တွေ့ရပါလိမ့်မယ်။