အားလုံးက မွေးကတည်းက ဆံပင်ကောက်ကြတဲ့သူမဟုတ်လို့ ဆံပင်ကို ဆိုင်မှာသွားပြီး တကူးတက သွားကောက်ကြပါတယ်။ ဆံပင်ကို အပူပေးစက် ၊ ဆံပင်ကောက်စက်၊ ဆံပင်ကောက်ဆေးတွေနဲ့ ကောက်တာဟာ ဆံသားကို ထိခိုက်ပျက်စီးစေလို့ သဘာဝအတိုင်း ဆံပင်ကောက်လို့ရတဲ့ နည်းလမ်းကိုမျှဝေပေးချင်ပါတယ်။

၁။ Beachy Waves

ခေါင်းလျှော်လိုက်ပြီး ဆံပင်ကို ခြောက်အောင်မမုတ်ဘဲ ရေနည်းနည်းစိုတဲ့ထိသာ မှုတ်လိုက်ပါ။ ပြီးရင်တော့ နှစ်ဖက်ခွဲပြီး ရစ်လိုက်ကာ နှစ်ဖက် စုချည်လိုက်ပါ။ ပြီးရင် ခြောက်တဲ့ထိ (သို့) စောင့်နိုင်တဲ့ထိစောင့်ပါ။ ပြီးရင်တော့ ခေါင်းစည်းကြိုးကို ဖြည်လိုက်ပါ။ ရပါပြီနော်။

၂။ ခေါင်းစည်းကြိုးကို သုံးမယ်

ခေါင်းတစ်ခုလုံးကို စည်းလို့ရတဲ့ သရေအပျော့ ခေါင်းစည်းကြိုးကိုသုံးပြီး ဆံပင်ကောက်လို့ရပါတယ်နော်။ ဆံပင် နည်းနည်းချင်းစီကို တစ်ရစ်ချင်း ရစ်ပတ်ပြီး အဲဒီခေါင်းစည်းကြိုးနားမှာ အခုလိုပဲ ရစ်ပတ်လိုက်ပါ။

ပြီးရင်တော့ ညအိပ်ယာဝင်တဲ့ထိထားပြီး မနက်မိုးလင်းတဲ့ထိထားပါ။ မနက်မိုးလင်းရင် ဖြည်ချလိုက်ပါ။

လှပတဲ့ ဆံပင်ကောက်သားကို ပိုင်ဆိုင်နိုင်ပါပြီနော်။

အပူပေးစရာမလိုဘဲ သဘာဝအတိုင်း ဆံပင်ကောက်မယ်