လက်သည်းနီအရောင်ကို တစ်မျိုးတည်းတွေဆိုးနေရတာ ရိုးနေပြီလား။ တစ်ခါတစ်လေကျတော့လည်း အမျိုးမျိုး ပုံဖော်ပြီး ဆိုးတတ်       ကြပါသေးတယ်နော်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း ကြိုက်တယ်၊ အချိန်အများကြီးပေးရတာမကြိုက်ဘူးဆိုတဲ့ ပျိုမေလေးများအနေနဲ့ကတော့ အရိုးရှင်းဆုံးက အကောင်းဆုံးပါပဲ။

တစ်ရောင်တည်းဆိုးတာကြတော့ ကလေးဘဝကတည်းက မြင်နေကျဆိုတော့ အချိန်ကြာလာရင် ရိုးအီသွားပါပြီ။ အခုတစ်ခါမှာတော့ လိုက်ဖက်ညီတဲ့အရောင်လေးတွေကို တစ်ချောင်းတည်းမှာ တွဲဖက်ဆိုးရင်းနဲ့ ဘယ်လိုမျိုး ဆန်းသစ်တဲ့အသွင်လေးတွေ ရလာမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။