သင့်ရဲ့ ပထမဆုံးဒိတ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တစ်ခါမှ မဆုံတွေ့ဖူးတဲ့ သူတစ်ယောက်နဲ့ တွေ့ရမယ်ဆိုကတည်းက တော်တော်လေး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေပါပြီ။

ဒိတ်လုပ်တဲ့အချိန်မှာ ပြုလုပ်ရမယ့် အရာတွေအများကြီးရှိနေပေမယ့်လည်း ဆုံးဖြတ်ချက်ချဖို့အတွက်တော့ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလို ချီတုံချတုံဖြစ်တတ်ကြပါတယ်။

လူတိုင်း ပထမဆုံးဒိတ်မှာ ခေါင်းခြောက်ရတဲ့ ကြောက်မက်ဖွယ် ဆုံးဖြတ်ချက်တွေရှိပြီး အဲ့တာတွေက ဘာတွေဖြစ်မလဲဆိုတာ ဒီဆောင်းပါးလေးကို ဆက်ဖတ်လိုက်ရအောင်ပါ။

ဆံပင်ပြေးညှပ်ရင် ကောင်းမလား

တွေ့ရမယ့် အချိန်ကို လက်ချိုးရေရင်း ဆံပင်ညှပ်ချင်ပေမယ့် ဆံပင်ညှပ်ဖို့အတွက် နောက်ကျနေပြီလားလို့ လျှောက်တွေးနေရင် အချိန်တွေ ပုပ်ပါတယ်။ ကိုယ့်ဆံပင်က တအားကို ပုံမကျ ပန်းမကျဖြစ်နေတယ်ဆိုရင်တော့ ချက်ချင်း ပြေးသာညှပ်လိုက်ပါ။

ဆံပင်ညှပ်ညှပ်ပြီးချင်း သင့်ရဲ့ပုံစံကို မြင်တွေ့လိုက်တာနဲ့ သင်နဲ့ ဒိတ်လုပ်မယ့်ကသူ သပ်ရပ်လှပတဲ့ လူတစ်ယောက်အဖြစ် စိတ်ထဲမှာ ကြိတ်ပြီး အသိအမှတ်ပြုသွားမှာပါ။ ပုံကျပြီးသားဆိုရင်တော့ မလိုပါဘူး။

ဘယ်လိုရေမွှေးအမျိုးအစား ဆွတ်ရမလဲ

ဒိတ်လုပ်တဲ့အချိန်မှာ အမွှေးရနံ့က မယုံနိုင်စရာ အင်အားကောင်းတဲ့ စိတ်ခံစားမှုမျိုးကို လှုံ့ဆော်ပေးနိုင်ပေမယ့် စစ်မှန်တဲ့ အမွှေးရနံ့ကို ရွေးချယ်နိုင်မှသာ သင်က ဘယ်လိုလူမျိုးလဲဆိုတာကို တခြားလူတွေက နားလည်မှာပါ။

ညဘက်ခင်း ဒိတ်ဟာ ရေမွှေးအသစ် ရွေးချယ်ရမယ့် ညမဟုတ်သလို ရေမွှေးမဆွတ်ဘဲ သွားရမယ့်အချိန်ကာလလည်း မဟုတ်ပါဘူး။ သင့်အနေနဲ့ ကိုယ်တိုင် ကြိုက်နှစ်သက်ပြီး နေ့ရော ညပါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေမယ့် ရိုးရှင်းတဲ့ ရေမွှေးရနံ့ကို ရွေးချယ်သင့်ပါတယ်။

တစ်ခုသတိထားရမှာကတော့ ရေမွှေးနံ့က သင့်ရဲ့ကိုယ်နံ့နဲ့ ပေါင်းပြီး ကိုယ်ပိုင်ရနံ့မျိုး ရရှိစေဖို့နဲ့ ရေမွှေးပုလင်းမှောက်လာတာလားလို့ အပြောမခံရအောင် အိမ်က မထွက်မီ ၄၅ မိနစ်ဝန်းကျင်လောက်ကတည်းက ရေမွှေးကို အများကြီးမဟုတ်ဘဲ ခပ်ဖွဖွဖိနှိပ်ပြီး အနည်းငယ် ဆွတ်ထားသင့်ပါတယ်။