ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်အလိုက် Face Mask တွေကလည်း အမျိုးမျိုးရှိပါတယ်။ အသားအရေစိုပြေဖို့၊ ဝက်ခြံသက်သာဖို့၊ အဆီပြန်တဲ့အသားအရေအတွက်၊ အရွယ်တင်နုပျိုဖို့ စသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပါဝင်ပစ္စည်း (၂) မျိုးစီပဲ သုံးရမယ့် အိမ်တွင်း သုံး Face Mask တွေကို ဖော်ပြပါရစေ။ ကိုယ်လိုချင်တဲ့ရည်ရွယ်ချက်အလိုက် ဒီ Face Mask တွေကို အသုံးပြုနိုင်ပါတယ်။ နှစ်မျိုးပဲ လိုအပ်တာမို့ သင့်အတွက် အကုန်အကျသက်သာပြီး အသုံးဝင်မှာပါ။

၁။ သခွားသီးနဲ့ နနွင်းမှုန့်


သခွားသီးက သင့်အသားအရေကို စိုပြေစေပြီး အစက်အပြောက်တွေကို လျှော့ချပေးပါတယ်။ နနွင်းမှုန့်က ဝက်ခြံတွေကို အားပေးတဲ့ ယောင်ယမ်းခြင်းကို တိုက်ထုတ်ပေးပြီး အသားအရေကိုညီညာစေပါတယ်။ ပါဝင်ပစ္စည်းများ-

-သခွားသီးတစ်ဝက်

-နနွင်းမှုန့် ဇွန်းဝက်

သခွားသီးကို ကျိတ်စက်ထဲမှာ ကျိတ်ပေးပါ။ ပြီးနောက် နနွင်းမှုန့်ထည့်ပေးပါ။ ဒီအရောကို သင့်မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ် ထားပေးပါ။ ပြီးနောက် ရေဆေးချပါ။

၂။ ညတွင်းချင်း မျက်နှာတောက်ပစေဖို့


သဘာဝအတိုင်း တောက်ပတဲ့ အသားအရေကို လိုချင်လား။ ဒါဆိုရင်တော့ ဒီ Mask ကိုသုံးကြည့်ပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁။ နွားနို့ ၂ ဇွန်း

၂။ ခရမ်းချဉ်သီး တစ်လုံး

ပြုလုပ်ပုံ

ခရမ်းချဉ်သီးကို တစ်ဝက်ခွဲပြီး နွားနို့ထဲ နှစ်လိုက်ပါ။ ပြီးနောက် ဒီနှစ် ထားတဲ့ ခရမး်ချဉ်သီးကို သင့်မျက်နှာပေါ် ပွတ်ပေးပါ။ ခြောက်တဲ့အထိ ထားပေးပါ။ ဒါကို နှစ်ခါပြုလုပ်ပေးပါ။ နှစ်ခါ ပြုလုပ်ပြီးနောက်မှာတော့ ရေဆေးချနိုင်ပါပြီ။

၃။ အစက်အပျောက်လျော့ပါးဖို့


သင့်မျက်နှာက အစက်အပျောက် အမည်းစက်တွေနဲ့ မချောမွေ့ဘူးဆိုရင်တော့ ဒီ Mask ကိုစမ်းကြည့်သင့်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁။ အုန်းဆီတစ်ဇွန်း

၂။ Tea Tree Oil တစ်ဇွန်းကနေ နှစ်ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကို ရောပြီး မျက်နှာပေါ် စိမ့်ဝင်သွားတဲ့အထိ လိမ်းပေးပါ။ ပြီးနောက် ရေဆေးချပါ။

၄။ အမည်းစက် ပျောက်ဖို့


အမည်းစက်တွေက သင့်မျက်နှာကို ပိုညိုစေနိုင်ပါတယ်။ မှန်ကန်တဲ့သန့်စင်နည်းနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်နှစ်မျိုးကတော့-

၁။ မုန့်ဖုတ်ဆိုဒါ နှစ်ဇွန်း

၂။ ပျားရည်တစ်ဇွန်း

မုန့်ဖုတ်ဆိုဒါကို အနှစ်ပုံစံ ရအောင် ပျားရည်နဲ့ မွှေပေးပါ။ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပေးပါ။ ပြီးနောက် ရေဆေးချပါ။

၅။ Miracle Mask


အခုပြောပြမယ့် Mask က အသားအရေကို စိုပြေစေပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။

၁။ ငှက်ပျောသီး တစ်လုံး

၂။ ပျားရည် တစ်ဇွန်း

ငှက်ပျောသီးကို ဖိချေပေးပါ။ ပာျးရည်ထည့်ပေးပါ။ ဒီအရောကို မျက်နှာမှာ လိမ်းပြီးနောက် မိနစ် ၂၀ ထားပေးပါ။ ရေဆေးချပါ။

၆။ အစိုဓာတ်ထိန်းသိမ်းဖို့


သင်က ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ ဒီ Mask ကိုစမ်းလုပ်ကြည့်ပါနော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁။ ထောပတ်သီး တစ်ဝက်

၂။ ပျားရည် တစ်ဇွန်း

ထောပတ်သီးကို ထုချေပြီးနောက် ပျားရည်နဲ့ရောပေးပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး မိနစ် ၂၀ ထားပြီးနောက် ရေဆေးချပါ။

၇။ အဆီပြန်တဲ့အသားအရေအတွက်


ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

၁။ နနွင်းမှုန့် တစ်ဇွန်း

၂။ ရှားစောင်းလတ်ပတ် ၂ ဇွန်း

ဒီနှစ်မျိုးကို ရောပြီးနောက် မျက်နှာပေါ် လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပြီးနောက် ရေဆေးချပါ။

သင် ဘယ် Mask ကို စမ်းလုပ်ကြည့်မလဲ..ပြောပြခဲ့ပါဦး။

Source: allwomenstalk.com

By MyStyle Myanmar