လူငယ်ကောင်မလေးတွေသဘောကျမယ့် လက်သည်းနီနှစ်ရောင်စပ်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်ကိုတကူးတကသွားပြီး ပုံဖော်နေစရာမလိုတဲ့အတွက် အရမ်းအဆင်ပြေတဲ့ လက်သည်းဒီဇိုင်းလေးတွေပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အဖြူနဲအနက်ကို စပ်ဆိုးထားတာဖြစ်လို့ ဘယ်တော့မှရိုးမသွားပဲ လှပါတယ်။ ပုံဖော်ထားတဲ့ပုံစံလေးကလည်း ကိုယ်တိုင်ပုံဖော်ကြည့်လို့ရပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အညိုရောင် အနုနဲ့အရင့်ကိုစပ်ဆိုးထားပြီး ကျားသစ်ကွက်လိုမျိုးလေး ပုံဖော်ထားတာပါ။ အရောင်ကလည်းဘိုဆန်ပြီး ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

အစိမ်းရောင်နဲ့ အဝါရောင်ကတော့ ဖက်ရှင်ကျပြီး လိုက်ဖက်တဲ့အရောင်ပါ။ ဒီမှာတော့ တစ်ချောင်းကို အဖြူလေးဆိုးပြီး ပန်းအဖူးပုံလေး ပုံဖော်ထားပါတယ်။ ဒီပုံလေးက လွယ်ကူတဲ့အတွက် ကိုယ်တိုင်ပုံဖော်ကြည့်လို့ရပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အဝါရောင်ကိုမှ ရိုးရိုးနဲ့ glitter ကို စပ်ဆိုးထားပြီး ပုံဖော်ထားတာလေးကလည်း ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။ ကိုယ်တိုင်လည်းပုံဖော်လို့ လွယ်တဲ့ဒီဇိုင်းလေးပါ။

အရောင်အရင့်နဲ့ အရောင်ဆင်တဲ့ glitter လေးကို စပ်ဆိုးထားတာဆိုရင်လည်း အရမ်းလှပါတယ်။ ပုံဖော်ရတာတွေမကြိုက်ရင် ဒီလိုမျိုးလေး စပ်ဆိုးကြည့်ပါ။

ဒီအပြာရောင်လေးဆိုရင် အသားဆောင်တဲ့အရောင်လေးဖြစ်လို့ အသားအရောင်တိုင်းနဲ့ လိုက်ဖက်ပါတယ်။

ဒီအပြာရောင်လေးကျတော့ နည်းနည်းတောက်ပြီးလင်းတဲ့အတွက် အသားဖြူတဲ့သူတွေနဲ့ဆို ပိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။

ခရမ်းရောင်ကို glitter အဖြူလေးနဲ့ စပ်ဆိုးထားရင်လည်း အရမ်းလှပါတယ်။ ဒီလိုခရမ်းရောင်လေးက လူငယ်ဆန်ပြီး လှတဲ့အရောင်လေးပါ။

ဒီလက်သည်းအရောင်စပ်ထားတာလေးဆိုရင် အရမ်းအသားဆောင်ပါတယ်။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

ဒီအရောင်စပ်ထားတာလေးဆိုရင်လည်း အရမ်းလှပြီး လက်ပိုဖြူသွားစေပါတယ်။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်တဲ့အရောင်လေးပါ။

အရောင်စပ်ဆိုးတဲ့အခါမှာ ရိုးရိုးကြီးမဆိုးချင်ရင် ဒီလိုလေး အပေါ်နားကိုဆိုးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။

photo source:www.pinterest.com