ဖက်ရှင်ဆိုတာက လူတစ်ယောက်ချင်းစီတိုင်းမှာ ကွဲလွဲတဲ့အမြင်နဲ့ မျိုးစုံပြောင်းလဲလို့ရသလို ကိုယ်ရဲ့ဖန်တီးမှုအပေါ်မူတည်ပြီး ဖန်တီးနိုင်ပါတယ်။ လွတ်လပ်တဲ့ ပုံရိပ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် အမြင်သဘောထားချင်တော့ ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ဖက်ရှင်ရဲ့အရင်းအခံကလည်း ကာလာကနေစတဲ့အတွက် ကာလာထူးထူးဆန်းဆန်းလေးတွေကလည်း ကိုယ့်ရဲ့စတိုင်ကို ပိုပြီးကွဲလွဲစေပါတယ်။

ဒီတစ်ခါမှာတော့ သာမန်ရိုးကျလုပ်နေတဲ့အရာတွေထဲကနေပြီးတော့ နိုင်ငံတစ်ဝှမ်းရဲ့ ဖက်ရှင်လောကမှာပါ စိတ်ဝင်စားမှုအများဆုံးဖြစ်နေပြီး ကွဲပြားနေတဲ့ ဖက်ရှင်ကာလာအတွဲအစပ်လေးတွေကို ပြောပြပေးချင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Pastel Outfits Ideas လေးတွေက အရမ်းကိုခေတ်စားလာခဲ့ပါတယ်။ အရောင်လေးတွေကလည်း မွန်းကြပ်မှုတွေကို ပြေပျောက်စေနိုင်ပြီး စိတ်ပျော်စေတဲ့ကာလာလေးတွေက Pastel ရဲ့ဒီဇိုင်းလေးတွေဖြစ်ပါတယ်။

Pair Lavender ခရမ်းဖျော့အရောင်က လူကြိုက်လည်းများပြီး သူနဲ့တွဲစပ်လို့ရတဲ့ကာလာလေးတွေကလည်း အထာကျစေနိုင်ပါတယ်။ Pair Lavender အရောင်ကို အစိမ်းရောင်၊ အဝါရောင်၊ Camel ၊ Mint ၊ Plum စတဲ့ အရောင်လေးတွေနဲ့တွဲစပ်ရင် ဘိုဆန်ပြီးတော့ လှနေစေမှာပါနော်။ ခရမ်းရောင်က တိကျပြီး အေးမြတဲ့ကာလာဖြစ်တဲ့အတွက် မိန်းကလေးတော်တော်များများရဲ့ အကြိုက်ဆုံးအရောင်တစ်ရောင်လည်း ဖြစ်ပါတယ်။

Baby Pink ကာလာက ၂၀၂၁မှာအရမ်းကိုခေတ်စားလာတဲ့ အရောင်တစ်ရောင်ဖြစ်ပါတယ်။ ယောကျာ်းလေးတွေကလည်း Baby Pink ကာလာကိုဝတ်ဆင်လာကြတာ တွေ့ရပါတယ်။ ပန်းရောင်ရင့်ရင့်တွေထက်စာရင် ဒီလိုမျိုးပန်းရောင်အနုလေးတွေက လူကိုပိုငယ်စေပါတယ်။ မီးခိုရောင်၊ Orange ၊ အစိမ်းနုရောင်၊ အဖြူရောင် စတဲ့အရောင်တွေနဲ့ လိုက်ဖက်ပါတယ်။

Light Blue အရောင်က ၂၀၂၁ ရဲ့အရောင်တစ်ရောင်လည်း ဖြစ်ပါတယ်။ Light Blue ဆိုတဲ့အတိုင်း နူးညံ့တယ် အေးချမ်းတယ်ပေါ့နော်။ Light Blue အရောင်လေးက တိမ်လေးတွေလို လှတဲ့အရောင်တစ်မျိုးဖြစ်တဲ့အတွက် အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အဖြူရောင် စတဲ့အရောင်လေးတွေနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။
Photo Source – Free.pik