အားလုံးပဲ မင်္ဂလာပါနော်။ လက်သည်းနီကိုမှ အရောင်ဆန်းပြီး ထင်းနေတာမျိုး ဆိုးချင်တဲ့ ပျိုမေတို့အတွက် ပုံမှန်အရောင်တွေနဲ့ ကွဲထွက်တဲ့ စိမ်းပြာရောင်လက်သည်းနီဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိမ်းပြာရောင်လက်သည်းနီက တော်တော်များများ သိပ်ဆိုးလေ့မရှိတဲ့ အရောင်အဆန်းလေးဖြစ်ပေမယ့် ဆိုးပြီးတဲ့နောက်မှာ သင့်ကို မိန်းမဆန်ပြီး ခေတ်မှီတဲ့ အရှိန်အဝါမျိုး ရစေပါတယ်။ ပင်လယ်ကျောက်တစ်မျိုးရဲ့ အရောင်ဖြစ်တာမို့ ဒီအရောင်ပါတဲ့ ဒီဇိုင်းလေးတွေ ဆိုးပေးတာက ကမ်းခြေရောက်သွားသလို လန်းဆန်းမှုမျိုးကို ခံစားရစေမှာပါ။ ဒါ့အပြင် စိမ်းပြာရောင်ဟာ ခင်မင်မှု၊ ကာကွယ်ပေးခြင်း စတဲ့ အဓိပ္ပာယ်တွေ သက်ဝင်နေတာမို့ ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူ ဆိုးလို့ကောင်းတဲ့ အရောင်လေးလည်းဖြစ်ပါတယ်။

ဒီတော့ ပျိုမေတို့ စမ်းဆိုးကြည့်နိုင်မယ့် စိမ်းပြာရောင်နဲ့ ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလှလှလေးတွေကို ကြည့်လိုက်ရအောင်။

Photo Source: Pinterest