အလှကုန်ပစ္စည်းတွေ တစ်နေ့တစ်မျိုး မရိုးအောင်သုံးပြီး အလှပြင်ဆိုင်တွေခဏခဏသွား ဓါတုပစ္စည်းတွေနဲ့ ထိတွေ့နေလို့ ဆံသားတွေ ခြောက်သွေ့ ကြမ်းတမ်းနေပြီလား။ ဆံသားခြောက်တဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးချင်ပါတယ်။

ခေါင်းလျှော်ရည် လျှော့သုံးပါ။

ခေါင်းလျှော်ရည်ကို များများသုံးတာဟာ ဆံသားကိုခြောက်သွေ့စေပါတယ်။

သဘာဝအတိုင်း ဆံသားကို အခြောက်ခံပါ

လေမှုတ်စက်နဲ့အခြောက်ခံတာဟာ ဆံသားကို ပိုလို့ခြောက်သွေ့စေပါတယ်။ သဘာဝလေနဲ့ အခြောက်ခံပါ။

ဘီးကျဲကိုသုံးပါ

ဆံပင်ပုံသွင်းတဲ့ စက်တွေကိုရှောင်ပါ။

ဆံပင်ဖြောင့်စက် ကောက်စက် စသည်။

ဆံပင်စည်းတာ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်ပုံစံ အမျိုးမျိုးလုပ်တာကို ရှောင်ပါ။

ဆောင်ရန်

ခေါင်းလျှော်ပြီးတိုင်း ပေါင်းဆေးသုံးပါ။

ဆံပင်ကို သဘာဝပစ္စည်းလေးတွေနဲ့ပေါင်းတင်ပါ။ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငှက်ပျာသီး ၁ လုံး၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း ကြက်ဥ ၁ လုံး စတာတွေကို ရောပြီး ပေါင်းတင်ပါ။

ခေါင်းလိမ်းဆီလိမ်းပေးပါ။ ဆံဖျားလေးတွေကိုပဲ လိမ်းပေးရမှာပါ။