လက်ပြတ်တွေဝတ်ချင်ပေမယ့် ဂျိုင်းမဲနေလို့ မဝတ်ရဲဘူး၊ ဂျိုင်းမဲလို့ စိတ်ညစ်ရတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုတဲ့သူတွေအတွက် နနွင်းမှုန့်နဲ့ သံပုရာသီးကိုသုံးပြီး ဂျိုင်းဖြူလာအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်လွန်း ပါတယ်နော်။

နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ပန်းကန်လုံးလေးထဲထည့်ပြီး သံပုရာသီး တစ်လုံး အရည်ညှစ်ချပါ။ ပြီးရင်တော့ ပျစ်ပျစ်လေးဖြစ်သွားအောင် သေချာသမအောင်မွှေလိုက်ပါ။

သေချာမွှေပြီးရင် ဂျိုင်းသားမှာ ပွတ်လိမ်းပြီး ၁၅ မိနစ် (သို့) ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ မပျက်မကွက် တစ်ပတ် ၂ ကြိမ်လုပ်ပေးမှသာ ၆ ပတ်လောက်ကြာတဲ့အခါမှာ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။ ချက်ချင်းကြီးဖြူလာတာမျိုးမဟုတ်ပဲ မဲနေတဲ့ဂျိုင်းသားက တစ်ဖြေးဖြေးချင်းစီ ပြန်ဖြူလာပါလိမ့်မယ်။

Source: www.drhengsoy