ဝက်ခြံဆိုတာကတော့ အလှအပကို ဖျက်ဆီးစေတဲ့အရာ ဖြစ်တာကြောင့် ဘယ်သူကမှ ဝက်ခြံပေါက်တာကို ကြိုက်မှာမဟုတ်ပါဘူး။

ဝက်ခြံဟာ မျက်နှာမှာ အများဆုံး ဖြစ်ပွားတတ်ပြီး ပင်ကိုယ်ရုပ်ကိုပါ ဆိုးစေနိုင်တာကြောင့် အခုပြောမယ့်နည်းတွေနဲ့ ကာကွယ်ကုသနိုင်ပါတယ်။

မျက်နှာကို တစ်နေ့ နှစ်ကြိမ်၊ မနက် အိပ်ယာနိုးတဲ့အချိန် တစ်ကြိမ်နဲ့ ညအိပ်ယာဝင်တဲ့အချိန် တစ်ကြိမ် ပုံမှန်သစ်ပေးပါ။

ခေါင်းအုံးစွပ်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်လဲလှယ်ပေးပါ။ ခေါင်းအုံးစွပ်တွေညစ်ပတ်နေတာကလည်း မျက်နှာကဝက်ခြံတွေကို ပိုဆိုးစေလို့ပါ။

ဝက်ခြံဖုလေးတွေ အမြန်ဆုံး ပျောက်အောင် ရေခဲတုံးကပ်ပေးပါ။ ရေခဲကပ်ပေးတာကတော့ ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး ဝက်ခြံတွေကိုသာမကဘဲ ဆားဝက်ခြံတွေကိုပါ သက်သာသွားစေနိုင်ပါတယ်။

အာလူးကို ပါးပါးလေးလှီး၊ ရေခဲသေတ္တာအထဲမှာ (၁၅) မိနစ်လောက် အအေးခံပြီး ဝက်ခြံဖုတွေ အပေါ်မှာကပ်ပေးပါ။ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ အပေါ်မှာ ကပ်ပေးတာကလည်း အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါသေးတယ်။

ညအိပ်ယာ ဝင်ခါနီး ဝက်ခြံဖုလေးတွေ အပေါ်မှာ သွားတိုက်ဆေး အုံပေးပါ။ သွားတိုက်ဆေးကတော့ ဝက်ခြံတွေကို အမှည့်မြန်စေနိုင်တဲ့အတွက်ပါ။

ရေများများ သောက်ပေးပါ။ တစ်နေ့ကို ပုံမှန် ရေ ၃ လီတာ အနည်းဆုံး သောက်ပေးဖို့ မမေ့ပါနဲ့။

သခွါးသီးကိုလည်း ပါးပါးလေးလှီး ရေခဲသေတ္တာထဲ အအေးခံပြီး ကပ်ပေးနိုင်ပါသေးတယ်။ သခွါးသီးက ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ရုံတင်မကဘဲ အသားအရေကိုလည်း ချောမွေ့စေနိုင်ပါတယ်။

ဒီအချက်လေးတွေကိုသာ ပြုလုပ်ပေးမယ် ဆိုရင်တော့ မျက်နှာမှာ ဝက်ခြံဆိုတာမျိုး လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့အမာရွတ်တွေလည်း ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။