ပျားရည်မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခြောက်သွေ့တဲ့ အသားအရေကို ပြန်လည် စိုပြေစေပါတယ်။ အသားအရေကို သန့်ရှင်းစေပြီး နူးညံ့စိုပြေစေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အသားအရေ ထိခိုက်ပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ပျားရည်မှာ Antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေကို နုပျိုစေပါတယ်။ ဒါ့ကြောင့် အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ ပျားရည်နဲ့ ပေါင်းတင်ကြည့်ရအောင်။
နည်းလမ်း (၁)
ပါဝင်ပစ္စည်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နွားနို့ ပူပူ စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း
နွားနို့ကို အပူနည်းနည်းပေးလိုက်ပြီး ပျားရည်နဲ့ ရောလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပျားရည်ဟာ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
နည်းလမ်း (၂)
ပါဝင်ပစ္စည်း
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြင်ဆင်ခြင်း
ပျားရည်နဲ့ ဆားကို ရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေဆေးချပေးလိုက်ပါ။ အသားအရေပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်မှာဖြစ်ပါတယ်။
နည်းလမ်း (၃)
ပါဝင်ပစ္စည်း
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်ဥအနှစ် ၁ လုံး
ကွေကာအုတ်အကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပြီး ခြောက်အောင်ထားလိုက်ပါ။ အဲဒီနောက် ရေအေး (သို့) ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။