ကိုယ်က ဝိတ်လည်းချချင်တယ် စားချင်တဲ့စိတ်တွေကိုလည်း ထိန်းလို့မရနေဘူးဆိုရင်တော့ အကျင့်ဖြစ်နေတဲ့ စားချင်စိတ်တွေကို လျော့နည်းပြီး အစားတွေကိုများများ မစားမိစေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

စားချင်နေတာကြီးကို လုံးဝမစားပဲနေနေတာမျိုးက ကျန်းမာရေးနဲ့လည်း မသင့်တော်တာကြောင့် ကျန်းမာရေးကိုလည်းမထိခိုက်စေမယ့် နည်းလမ်းမျိုးတွေကိုတော့ လိုက်နာသင့်တယ်နော်။

အဝစားအနေနဲ့ စားဖို့ပြင်ဆင်တော့မယ်ဆိုရင် ဥပမာ နေ့လည်စာတို့၊ ညစာတို့ပေါ့။ ဒီလိုအချိန်မျိုးတွေမှာ လူတိုင်းကထမင်းကိုဝဝလင်လင်နဲ့ များများစားတတ်ကြပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းထားချင်တယ် များများလည်းစားချင်တယ်ဆိုရင်တော့ အသီးအရွက်တွေကိုပဲ များများစားပေးသင့်ပါတယ်။ အသီးအရွက်တွေက ကယ်လိုရီအရမ်းမများပဲ အာဟာရဓာတ်လည်း ပြည့်ဝနေတာကြောင့် ပျိုမေတို့အတွက် သင့်တော်စေမှာပါ။

ပီကေဝါးနေလိုက်ပါ။ တကယ်တော့ ပီကေဝါးတယ်ဆိုတာ ခံတွင်းကိုရှင်းလင်းစေဖို့အတွက်ပဲ မဟုတ်တာတော့သေချာပါတယ်။ မကြာခဏပီကေဝါးနေတဲ့သူက အစားစားချင်စိတ်ကိုလည်း ထိန်းချုပ်ပြီးသားဖြစ်နေတာကြောင့် တစ်နေ့တာအတွက် သင့်တော်မယ်လို့ထင်ပါတယ်။

တစ်ခုခုစားတော့မယ် ဒါမှမဟုတ် စားချင်စိတ်ဖြစ်လာပြီဆိုရင်တော့ များများမစားမိအောင် ထိန်းနိုင်ဖို့အရေးကြီးတာပေါ့။ ဒီလိုဆိုတော့ တစ်ခုခုစားတော့မယ်ဆိုရင် ရေတစ်ခွက်ကိုကုန်အောင်သောက်ပေးတတ်တဲ့ အကျင့်မျိုးကိုလုပ်တတ်ဖို့လိုလာပါပြီ။

ရေများများသောက်လိုက်တဲ့အခါမှာ ဗိုက်ကိုပြည့်သွာစေပြီး အစားစားဖို့အတွက်ဆိုရင်တော့ သိပ်ပြီးတော့မစားနိုင်တော့ဘူးပေါ့။ ဒီနည်းလမ်းက ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေစေဖို့လည်း အထောက်အကူပြုနေပါတယ်။

ရိုးရှင်းတဲ့ဒီနည်းလမ်းတွေက ထိရောက်မှုမရှိဘူးလို့ထင်ရပေမယ့် တကယ်သုံးကြည့်လိုက်တဲ့အချိန်မှာတော့ တော်တော်လေးကိုထိရောက်မှုရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Photo Source: Unsplash