ကျွန်မတို့တွေဟာ ကိုယ့်အနီးနားမှာ တစ်သက်လုံး အတူရှိနေပြီး အနစ်နာခံတတ်တဲ့သူတွေကိုတော့ သိပ်တန်ဖိုးမထားတတ်ကြပါဘူး။ သူ့အပေါ် အလိုမကျမှုတွေနဲ့ အမြဲလိုလို ဒေါသထွက်လေ့ရှိတတ်ကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အတူတူနေပြီး ဘဝကို အတူတူ ဖြတ်သန်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။

တစ်ယောက်နဲ့တစ်ယောက် မိသားစု တစ်စုနဲ့ တစ်စု ညှိယူစရာတွေလည်း အများကြီးရှိမှာပါ။ ဒါပေမယ့် သင်တို့နှစ်ယောက်ဆက်ဆံရေးဟာ သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်သင့်ပြီး သင်တို့ကိုယ်သင်တို့ အဆိပ်ရှိတဲ့ ဆက်ဆံရေးတစ်ခုမဖြစ်စေဖို့အတွက် ရှောင်ရမယ့်အချက်တွေကို မျှဝေပေးချင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လိုသလို အသုံးချခြင်း

တစ်ယောက်နဲ့တစ်ယောက် ဂရုမစိုက်ခြင်း၊ (သို့) သူစိတ်ဝင်စားတာမစားတာကို အာရုံထဲမထားခြင်း

သူ့ကို ချီးကျူးစကား မပြောဘဲ သာမန်ပဲ တုံ့ပြန်ခြင်း

သူ့အပေါ် အရမ်းဝေဖန်ခြင်း