တစ်ချို့အသားအရေဆို မညီပါဘူး။ နဖူးက တခြားနေရာတွေထက်ပိုမည်းနေတာ နှာခေါင်းနားမှာ နေလောင်ဒဏ်များလို့ ညိုမဲနေတာမျိုး ဖြစ်တတ်ပါတယ်။ အသားအရေအရောင်ကို ညီညာနေစေပြီး စိုပြေစေဖို့ သဘာဝနည်းလမ်းတစ်ခုအကြောင်းကို MyStyle Myanmar က ပြောပြချင်ပါတယ်။

ခရမ်းချဉ်သီးနဲ့ နွားနို့ကိုရောပြီး မျက်နှာသစ်ပေးရင်တော့ တစ်ပတ်လောက်ဆိုရင် တခြားမျက်နှာအသားအရေ ညီစေတဲ့ခရင်မ်တွေ လိမ်းပေးစရာမလိုတော့ဘဲ ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လို့ လာမှာပါ။

ပါဝင်ပစ္စည်း

လတ်ဆတ်ပြီး မကျိုရသေးတဲ့ နွားနို့

ခရမ်းချဉ်သီးအမှည့်

ပြုလုပ်နည်း

ခရမ်းချဉ်သီးကိုလှီးပြီးအထဲကအနှစ်ကိုယူပါ။ ပြီးရင်အစေ့တွေကို ဇကာစသေးသေးလေးနဲ့ ဆစ်ချပါ။ ဒါမှမဟုတ် ပိတ်စအပါးတစ်ခုနဲ့ ခံပြီး ညှစ်ချလို့ရပါတယ်။ ပြီးရင်တော့ နွားနို့နဲ့ ဆတူရောပါ။ အဲဒါကို ဘူးတစ်ခုထဲထည့်ထားပါ။

ပြီးရင် ဝါဂွမ်းစကိုသုံးပြီး အဲဒီအရည်ကိုနှစ်လိုက်ကာ မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် လိမ်းထားပေးပါ။ ပြီးရင် မျက်နှာလိမ်းခရင်မ်တစ်မျိုးလိမ်းပေးပါ။ တစ်ရက်ကို ၂ ခါလုပ်ပါ။

တစ်ပတ်လောက်ဆိုရင် သိသာတဲ့ ရလဒ်ကိုရရှိမှာပါ။