အားလုံးပဲမင်္ဂလာပါနော်။ သင်က ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချတဲ့အခါ ပူပန်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်တွေများပြီး အဆိုးဘက်ကအရင်ကြည့်တတ်တဲ့သူ၊ အတွေးများနေတတ်တဲ့သူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အရာရာကို အသေးစိတ်တွေးတတ်တဲ့သူတွေဟာ ဆုံးဖြတ်ချက်ချရခက်ပြီး လုပ်ဆောင်ချက်နှောင့်နှေးတဲ့ ပြဿနာတွေနဲ့ကြုံရနိုင်တဲ့အပြင် တဖြည်းဖြည်း ကိုယ့်ရဲ့အိပ်ချိန်၊ အလုပ်နဲ့ ကျန်းမာရေးစတဲ့နေထိုင်မှုပုံစံကိုပါ သက်ရောက်လာနိုင်ပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာ အတွေးများတတ်တဲ့စိတ်ကိုကုစားဖို့ ပြုလုပ်နိုင်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အတွေးများပြီး ပူပန်တတ်တဲ့သူတွေအနေနဲ့ ဖော်ပြထားတဲ့ အချက်တွေကိုစမ်းလုပ်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ လုပ်စရာရှိတာကို ချက်ချင်းလုပ်ပါ

ပူပန်တတ်တဲ့ သင့်အတွေးတွေကိုရပ်တန့်နိုင်မယ့်နည်းလမ်းတစ်ခုက ကိုယ်လုပ်စရာရှိတာကို ခပ်မြန်မြန်လုပ်လိုက်တာပါပဲ။ ဒါကသင့်စိတ်ကိုရှင်းသွားစေတာကြောင့် အတွေးများတဲ့ Cycle ကနေရုန်းထွက်နိုင်ပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးလာစေပါတယ်။

၃။ အဆိုးမြင်အတွေးတွေကိုပြန်လည်ဆန်းစစ်ပါ

သင့်စိတ်ထဲမှာပေါ်လာတတ်တဲ့ အဆိုးမြင်အတွေးတွေက စိတ်ကူးယဉ်သက်သက်လား၊ လက်တွေ့ဆန်သလား ဆိုတာကိုပြန်လည်ဆန်းစစ်ပေးပါ။ သင်တွေးနေတဲ့ကိစ္စတွေက အနာဂတ်မှာ အခုလိုအရေးပါနိုင်ပါ့မလား ဆိုတာကိုပါ ပြန်လည်ဆန်းစစ်ပေးဖို့လိုပါတယ်။

၄။ သင့်စိုးရိမ်မှုကို အဖြေရှာပါ

သင့်အနေနဲ့ပူပန်စိတ်ကိုဖြေလျော့စေဖို့ ဘာမှမလုပ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ်မျောနေမယ့်အစား ကိုယ်လုပ်နိုင်တာတစ်ခုခုကို လက်တွေ့လုပ်ပြီး အတွေးတွေကို ထိန်းချုပ်လိုက်သင့်ပါတယ်။ ဒါကသင့်ရဲ့ ကြောက်စိတ်နဲ့ ချီတုံချတုံဖြစ်တတ်တဲ့အတွေးတွေကို ဖယ်ရှားပြီးသားဖြစ်စေပါလိမ့်မယ်။

၄။ အသက်ခပ်ပြင်းပြင်းရှူပေးပါ

အသက်ပြင်းပြင်းရှူတာကလည်း သင့်အတွေးတွေကိုရှင်းလင်းစေပြီး စိတ်တည်ငြိမ်စေတာကြောင့် စိတ်ထိခိုက်ပြီး အတွေးများလာတဲ့အခါမှာ အသက်ပြင်းပြင်းရှူပြီး တရားထိုင်ပေးခြင်းနဲ့အတူ သင့်စိတ်ကို အနားပေးသင့်ပါတယ်။

၅။ လှုပ်လှုပ်ရှားရှားနေပါ

လေ့ကျင့်ခန်းပြုလုပ်တာက စိတ်ဖိစီးမှုဟော်မုန်းကို လျှော့ချပေးရာရောက်ပြီး သင့်စိတ်ကိုကြည်လင်လန်းဆန်း စေပါတယ်။ ဒါကြောင့် အတွေးလွန်ပြီးပူပန်စိတ်များတာကို သက်သာစေဖို့တစ်နေ့ မိနစ် ၃၀ လောက် လှုပ်လှုပ်ရှားရှားနေပြီး လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar