မော်ဒယ်ကောင်မလေးတွေကို ကြည့်လိုက်ရင် ဘယ်လိုပဲနေနေအမြဲတမ်းလှပပြီး လူကြားထဲမှာဆိုရင်လည်း အမြဲတမ်းလှပနေကြတဲ့သူတွေပါ။ အသားအရေကိုပဲကြည့်ကြည့် မျက်နှာအလှအပကိုပဲ ကြည့်ကြည့် အမြဲတမ်းသပ်ရပ်ပြီး လှပနေတာကို မြင်တွေ့နေရမှာပါ။ သူတို့လိုမျိုး သင်လည်းလှပနေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည့်မှုအပြည့်အဝနဲ့ အမြဲတမ်းလှပနိုင်ဖို့ဆိုရင် ဒီနည်းလမ်းတွေကိုလုပ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်နော်။

မိတ်ကပ်သားကိုပိုပြီးတော့ ကြည့်ကောင်းအောင် Mineral Water လေးကိုအသုံးပြုပေးဖို့လိုပါတယ်။ မိတ်ကပ်တွေနေ့တိုင်းလိမ်းလာရတော့ နေ့ခင်းဘက်လောက်ရောက်ပြီဆိုရင် ချွေးတွေထွက်ပြီးမိတ်ကပ်သားကလည်း ကွက်ပြီးမလှမပဖြစ်နေတော့မှာပေါ့။ ဒီလိုအခါမျိုးမှာ မိတ်ကပ်သားကို သပ်သပ်ရပ်ရပ်ပြန်ပြီးဖြစ်စေမယ့် Mineral Water လေးကိုဖြန်းပေးလိုက်ရင် အသားအရေကိုလည်း စိုပြေနေစေပြီး မိတ်ကပ်သားကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်နေစေတာကြောင့် ဘယ်ချိန်ကြည့်ကြည့်လှပနေမှာပေါ့။

ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေပါ။ ဒီလိုမျိုးနေထိုင်တာက အသားအရေကို ခြောက်သွေ့ပျက်စီးတာမျိုးတွေ မဖြစ်စေနိုင်တော့ပါဘူး။ ရေဆာနေတဲ့အချိန်မျိုးမှာ ရေမသောက်ပဲ အချိုရည်သောက်တတ်တဲ့အကျင့်တွေကိုလည်း ပြင်ဆင်ပါ။ မနက်မိုးလင်းလာတာနဲ့ ရေတစ်ခွက်ကိုကောင်းကောင်းသောက်ပေးတဲ့ အကျင့်လေးကိုလည်း စပြီးလုပ်ကြည့်ပါ။ အချိန်ရတိုင်း သတိရတိုင်းလည်း ရေများများသောက်ပေးဖြစ်အောင် ကြိုးစားကြည့်ရင်တော့ အကောင်းဆုံးပဲပေါ့။

အိပ်ယာဝင်ခါနီးအချိန်မှာ မိတ်ကပ်တွေကိုပြန်ပြီး ဖျက်ပေးလိုက်ပါ။ တစ်ချို့မိန်းကလေးတွေကတော့ အိပ်ယာဝင်ခါနီးအချိန်တွေမှာ မျက်နှာသစ်ရမှာပျင်းတာ၊ ပင်ပန်းလွန်းလို့အချိန်မရတာတွေကြောင့် မိတ်ကပ်တွေကိုမဖျက်မိဘဲ အိပ်ပျော်သွားတတ်ကြပါတယ်။ ဒီလိုအချိန်မှာ အိပ်ယာခင်းပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေက မျက်နှာပေါ်ကပ်တွယ်ပြီး မိတ်ကပ်အကြွင်းအကျန်တွေနဲ့ ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။

အိပ်ရေးကိုကောင်းကောင်းဝအောင် အိပ်စက်အနားယူတတ်ပါစေ။ စောစောအိပ်ပြီး စောစောအိပ်ရာထတတ်တာမျိုးလေးကိုလည်း အကျင့်ဖြစ်အောင်လုပ်ထားသင့်ပါတယ်။ အိပ်ရေးကောင်းကောင်း မဝနေရင် မျက်ကွင်းတွေညိုမဲလာမယ်။ ဟော်မုန်းတွေပြောင်းလဲပြီး ဝက်ခြံတွေကိုထွက်လာစေပြီး အသားအရေထိခိုက်ပျက်စီးမှုတွေထိ ဖြစ်လာစေနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ သင့်ကိုမော်ဒယ်တစ်ယောက်လိုမျိုး အချိန်တိုင်းလှပနေအောင် အများကြီးကူညီပေးနိုင်ပါတယ်နော်။

Photo Source: Pinterest