မွေးရာပါ မျက်ခုံးမွှေးပါးလို့ စိတ်ညစ်နေပါသလား။ ဒါမှမဟုတ် မျက်ခုံးမွှေးရိတ်တာအရှိန်လွန်သွားလို့ မျက်ခုံးမွှေး ပေါက်တာနှေးနေလို့ စိတ်ညစ်နေပြီလား။

မျက်ခုံးမွှေးထူထဲချင်တဲ့ ပျိုမေလေးတွေအနေနဲ့ မိမိ မီးဖိုချောင်ထဲက အစားအစာလေးတွေနဲ့ မျက်ခုံးမွှေးထူလာအောင် ပြုလုပ်နိုင်ပါတယ်။

သံပုယိုသီးနဲ့ ပွတ်တိုက်ပေးလိုက်ပါ

သံပုယိုသီး တစ်စိပ် စိပ်လိုက်ပါ။ ထိုသံပုယိုသီးစိပ်ကို မျက်ခုံးမွှေးပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်တိုက်ပေးလိုက်ပါ။ ထိုကဲ့သို့ ပွတ်တိုက်ပေးခြင်းအားဖြင့် မျက်ခုံးတစ်ဝိုက်က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မျက်ခုံးမွှေး ထူထဲလာအောင် လှုံ့ဆော်ပေးပါတယ်။

သံပုယိုရည်များ အသားထဲ စိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၂၀ ခန့် စောင့်ပြီးမှ မျက်နှာသစ်ပေးလိုက်ပါ။

ကြက်ဥအနှစ်

ကြက်ဥအကာနဲ့ အနှစ်ကို သပ်သပ်စီခွဲလိုက်ပါ။ ကြက်ဥအနှစ်ကို ခပ်ပြင်းပြင်းလေး မွှေခလောက်ပေးလိုက်ပါ။

ထို့နောက် ဝါဂွမ်းစလေးကို ကြက်ဥအနှစ်ထဲ ထည့်နှစ်ပြီးနောက် မျက်ခုံးမွှေးပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ကြာမှ ရေအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ သိသိထင်ရှားတဲ့ရလဒ်ကို မြန်မြန်ဆန်ဆန် မြင်တွေ့လိုပါက တစ်ပတ်ကို နှစ်ကြိမ်စီ ပြုလုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှးစောင်းလက်ပတ်ကို ဓားနဲ့ လှီးဖြတ်ပြီးနောက် ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဇွန်းဖြင့် အသာအယာခြစ်ထုတ်လိုက်ပါ။ ထို့နောက် အုန်းဆီနဲ့ သမအောင် ရောနှောလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို မျက်ခုံးမွှေးပေါ်မှာ သုတ်လိမ်းပေးရပါမယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာမှ ရေဆေးချလိုက်ပါ။

တစ်ကြိမ်းတည်း အသုံးပြုလို့ မကုန်သေးဘူးဆိုရင် ထိုရှားစောင်းလက်ပတ်ဂျယ်လ်ကို ရေခဲသေတ္တာထဲမှာ ရက်သတ္တပတ် တော်တော်ကြာသည်အထိ သိမ်းထားနိုင်ပါတယ်။ ဒီနည်းလမ်းလေးကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ပျက်စီးနေတဲ့ မွှေးညှင်းပေါက်နဲ့ အရေပြားတို့ကို အားပြန်လည်ဖြည့်တင်းပေးတာကြောင့် မျက်ခုံးမွှေးအရှည်မြန်လာပါလိမ့်မယ်။