လှပကျန်းမာသန်စွမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ဆံကေသာကို အမျိုးသမီးတိုင်းကတော့ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ့။ တစ်နေ့ကို လူတစ်ဦးမှာ အနည်းဆုံး ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ ထိကျွတ်ကြပါတယ်။ ဒါကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါပေမဲ့ ဆံပင်တွေအသားကုန်ကျွတ်ပြီး ဦးရေပြားပါးလာသလို ခံစားရရင်တော့ ဒီသဘာဝနည်းလမ်းကောင်းလေးတစ်ခုကို Tryကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီး တစ်ဝက်

ကြက်ဥအနှစ် ၁ လုံး

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဘီယာ ခွက်တစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို သစ်သီးမွှေစက် (သို့) ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ အဲဒီအရည်ကို ဆံပင်ကျွတ်လို့ ပါးနေတဲ့နေရာမှာ လိမ်းပေးပြီး ၁ နာရီ ၂ နာရီလောက်ထားပါ။ အဲဒီလိုလိမ်းထားချိန်မှာ ပူနွေးလာတာကို ခံစားရပါလိမ့်မယ်။ စိတ်ပူစရာမလိုပါဘူးနော်။ အဲ့ဒါက ဖျော်ရည်ရဲ့အာနိသင် ဦးရေပြားထဲကို စိမ့်ဝင်နေတာကြောင့်ပဲ့ ဖြစ်ပါတယ်။ ပြီးရင်တော့ ခေါင်းလျှော်ချလိုက်ပါ။

တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာနဲ့ ရလဒ်ကောင်းကို လက်တွေ့ခံစားရမှာပဲ့ဖြစ်ပါတယ်။