ဘယ်လို Skincare တွေပဲ့ ပေါများပေါ်ထွက်နေပါစေ ဝက်ခြံပြဿနာဟာ လူငယ်အများစု ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုဆိုလည်း မမှားပါဘူးနော်။ အဓိကအားဖြင့်တော့ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်ပြီး ဝက်ခြံပျောက်သွားရင်တောင် အမာရွတ်လေးတွေ ကျန်ခဲ့တတ်ပါတယ်။

ဒါ့ကြောင့် မျက်နှာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တတ်တဲ့ အမာရွတ်တွေနဲ့ အမဲစက်တွေက သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ ဒီသဘာဝနည်းလမ်းလေးတွေကို အသုံးပြုကြည့်ဖို့ တိုက်တွန်းပြရစေနော်…

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က အလှပအတွက်ရော ကျန်းမာရေးအတွက်ပါ များစွာအကျိုးကျေးဇူးရှိတဲ့ သဘာဝပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ့။ တချို့အိမ်တွေမှာ သီးသန့်စိုက်ထားကြတာကို တွေ့ရတတ်ပါတယ်နော်။ တကယ်လို့ စိုက်ထားတာမရှိရင်လည်း အလှကုန်ပစ္စည်းဆိုင်တွေမှာ ရှာဝယ်လို့ရပါတယ်။

ရှားစောင်းလက်ပက်ကို ညဖက် အိပ်ယာမဝင်ခင် မျက်နှာကိုသေချာသစ်ပြီး လိမ်းပေးထားပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ညတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အမာရွတ်တွေရော အမဲစက်တွေပါ လျော့ပါးသက်သာလာတာကို လက်တွေ့ခံစားရမှာပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Beta-Carotenes ပါဝင်ပြီး သင့်အသားအရေအတွက် ကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ၁၀ မိနစ် မိနစ် ၂၀ လောက် ကပ်ပေးထားပါ။ ပြီးရင် ရေသေချာဆေးချလိုက်ပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးတာက ပိုပြီးထိရောက်ကောင်းမွန်ပါတယ်။

ပျားရည်

ပျားရည်ဟာ အသားအရေကို ပြန်ပြီးနုပျိုစိုပြေစေပါတယ်။ အဆီပြန်တဲ့အသားအရေဆိုရင် ကြက်ဥအနှစ်နဲ့ ရောပြီးလုပ်ပေးနိုင်ပါတယ်။ ကြက်ဥအနှစ်တစ်လုံးနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်လိမ်းပေးထားပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ ပြောင်အောင်သေချာဆေးပါ။ အဆီမပြန်ဘူးဆိုရင်တော့ ပျားရည်ပဲ့ သီးသန့်လိမ်းပေးလို့ရပါတယ်နော်။