ဝတဲ့သူမှမဟုတ်ပါဘူး၊ ပိန်တဲ့သူတွေလည်း လက်မောင်းနောက်မှာ အဆီပိုတွေထွက်နေတာမျိုး ဖြစ်တတ်ပါတယ်။ အင်္ကျီကိုယ်ကျပ်တွေဝတ်တဲ့အခါ၊ လက်ပြတ်တွေဝတ်တဲ့အခါမှာဆို တစ်ထွက်သလိုဖြစ်နေတာက ပိုသိသာစေပါတယ်။ ဒါကြောင့် လက်မောင်းနောက်က အဆီပိုတွေထွက်နေတာကို လျော့ကျသွားအောင်လုပ်ပေးနိုင်မယ့် ယောဂကျင့်စဉ် ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

ယောဂကျင့်စဉ် ၁

ပထမပုံထဲကလိုနေလိုက်၊ ဒုတိယပုံထဲကလို ကျောကိုကုန်းလိုက်နဲ့ ဆက်တိုက်လုပ်ပေးပါ။ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးဖို့လိုပါတယ်။

ယောဂကျင့်စဉ် ၂

ကြမ်းမှာမှောက်နေပြီး ပုံမှန်အနေအထားနဲ့စပြီးနေပါ။ ပြီးမှ ပုံထဲကလို ခေါင်းကိုမော့လိုက်ပြီးနေပေးပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ အဲ့အတိုင်း ၁၀ ကြိမ်ဆက်တိုက်လုပ်၊ ခဏနား၊ ပြီးရင် ၁၀ ကြိမ်ဆက်တိုက်ထပ်လုပ်ပါ။ စုစုပေါင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ယောဂကျင့်စဉ် ၃

ပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့်နေပြီး ခြေထောက်နဲ့လက်ကို ပြန်ချပါ။ ပြီးရင် အဲ့အတိုင်း ၁၀ စက္ကန့် ထပ်နေပါ။ အဲ့အတိုင်း ၁၀ စက္ကန့် ၁၀ ခေါက်စီ လုပ်ပေးပါ။

ယောဂကျင့်စဉ် ၄

ပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့် နေပေးပါ။ အချိန်ပြည့်ရင် ခဏရပ်ပြီး ထပ်လုပ်ပါ။ ၁၀ စက္ကန့် ၅ ခေါက်စီလုပ်ပေးရင် ရပါပြီ။ ခြေထောက်နဲ့လက်ကို ထိအောင်သေချာမကိုင်နိုင်လည်း ကိုယ်လုပ်နိုင်သလောက်သာ လုပ်ပေးပါ။ လုပ်ရင်းနဲ့ကြာလာရင် ရသွားပါလိမ့်မယ်။

ယောဂကျင့်စဉ် ၅

ပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့်နေပြီး ငုတ်တုတ်ပြန်ထိုင်ပါ။ ပြီးရင် အဲ့အတိုင်းပြန်နေပါ။ ဒါကိုလည်း ၁၀ စက္ကန့် ၁၀ ခေါက်သာ လုပ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် လက်မောင်းနောက်က အဆီပိုတွေ လျော့ကျသွားပါလိမ့်မယ်။