စိတ်ညစ်တဲ့အချိန်ဆိုတာ လူတိုင်းမှာရှိတာပါပဲ။ ဒီလိုအချိန်မှာ သေချာ Control လုပ်နိုင်ရင်တော့ စိတ်ညစ်တာတွေက ပျောက်သွားပြီး စိတ်ပေါ့ပါးသွားပါမယ်။ စိတ်ညစ်တာကိုပဲ တွေးပဲ ပိုစိတ်ညစ်နေရင်တော့ အခြေအနေပိုဆိုးလာပြီး ဘာမှလုပ်ချင်စိတ်တောင် ရှိတော့မှာမဟုတ်ပါဘူး။ အတွေးပေါင်းစုံဝင်လာပြီး စိတ်ဓာတ်ကျလာမှာပါ။ ဒါကြောင့် စိတ်ညစ်နေတဲ့အချိန်မှာ ဒီအချက် ၅ ချက်ကို လုပ်ကြည့်လိုက်ပါ။

Social Media မသုံးပါနဲ့

စိတ်ညစ်နေတဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ Social Media မသုံးတာက ပိုပြီးစိတ်ချမ်းသာရပါတယ်။ မဟုတ်ရင် ပိုစိတ်ညစ်ရမယ်၊ စိတ်ရှုပ်ထွေးရပါမယ်။ အထူးသဖြင့်ကတော့ Facebook, Messenger မသုံးပဲနေလိုက်ပါ။

ရုပ်ရှင် (သို့) Variety Show ကြည့်ပါ

Social Media မသုံးတော့ ပျင်းမှာပေါ့လို့ တွေးနေရင် မပူပါနဲ့။ Social Media သုံးမယ့်အစား ရုပ်ရှင်ကြည့်လို့ရပါတယ်။ ကိုရီးယား Fan တွေဆိုရင် ကိုရီးယား Variety Show တွေကြည့်ပါ။ စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါတယ်။ စိတ်ညစ်တာတွေတောင် ပျောက်သွားပြီး စိတ်ပေါ့ပါးသွားပါလိမ့်မယ်။

စာဖတ်ပါ

စာဖတ်ဝါသနာပါတဲ့သူဆိုရင် စာဖတ်ပါ။ ကိုယ့်အတွက်လည်း အကျိုးရှိသလို စိတ်ညစ်စရာတွေလည်း ပြေပျောက်စေပါတယ်။ ကိုယ်ဖတ်နေတဲ့စာထဲမှာ စိတ်ရောက်နေတဲ့အတွက် ဘာမှမတွေးဖြစ်တော့ပဲ စိတ်ညစ်တာကိုတောင် မေ့သွားမှာပါ။

တရားထိုင်ပါ

တရားထိုင်တာက စိတ်တည်ငြိမ်အေးချမ်းစေတဲ့အတွက် နာရီပိုင်းလောက်ရအောင် တရားထိုင်ကြည့်ပါ။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ၊ ဒေါသထွက်စရာတွေ မပျောက်ရင်တောင်မှ လျော့ကျသွားမှာတော့ အမှန်ပါပဲ။

အပြင်သွားပါ

စိတ်ညစ်ရင် အခန်းအောင်းတာမျိး လုံးဝလုံးဝမလုပ်ပါနဲ့။ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းပြီး ပိုဆိုးပါတယ်။ ဒါကြောင့် စိတ်လွတ်လပ်ပေါ့ပါးပြီး စိတ်ညစ်စရာတွေ ပြေပျောက်သွားအောင် အပြင်သွားလိုက်ပါ။ မုန့်သွားစားမလား၊ အရက်သွားသောက်မလား၊ လျှောက်လည်ပတ်မလား ကိုယ်လုပ်ချင်တာကိုသာ လုပ်ချပစ်လိုက်ပါ။