သမီးရည်းစားဘဝမှာ အမြဲတမ်း ကယုကယင် ကြင်နာနေကြတာတော့လည်း မဟုတ်ပါဘူး။ စိတ်အခန့်မသင့်တဲ့အခါ ပြဿနာတက်ပြီး ရန်သတ်တဲ့အဆင့်လည်း ရောက်တတ်ပါတယ်။

တစ်ခါတစ်လေမှာ ဒီလို အပြတ်အပြတ်နဲ့ တကယ် လမ်းခွဲတဲ့အဆင့်ရောက်သွားတဲ့ စုံတွဲတွေလည်း မနည်းပါဘူး။ Break Up လို့ခေါ်တဲ့ လမ်းခွဲပြတ်စဲတဲ့အဆင့်အထိ မရောက်ခင်မှာ ချစ်သူကို စကားပြောတာ ၊ ဆက်ဆံတာကအစ သတိထားဖို့လိုပါတယ်။

လူနှစ်ယောက် ချစ်ကြစုံမက်ကြတယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး တစ်ယောက်ပြဿနာတွေကို တစ်ယောက် တကယ်သိရှိလက်ခံတာပါ။ သူ့အဖြစ်နဲ့ သူ့ခံစားချက်ကိုသိရင် ပြဿနာကို အဖြေရှာဖို့လွယ်ပါတယ်။

ကိုယ့်ချစ်သူက ကိုယ့်ကို လမ်းခွဲရအောင်လို့ပြောရင် သင်ဘယ်လိုခံစားရသလဲ။ တကယ်က ကိုယ့်ကိုချစ်သူတစ်ယောက်ကို စိတ်ကုန်လောက်အောင် ကိုယ့်မှာ အမှားတွေ လုပ်မိတယ်။ ကိုယ်လည်း သူ့အပေါ် တကယ်မကောင်းနိုင်/မချစ်နိုင်ဘူးဆိုရင် မတွဲတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်အဆုံးရှုံးမခံရအောင် ချစ်ရတဲ့သူအတွက်တော့ အဆိုးဆုံးအခြေအနေ မရောက်ဖို့ အကောင်းဆုံး ကြိုးစားသင့်ပါတယ်။

ချစ်စတုန်းက အကြင်နာနဲ့ အမှတ်တရတွေကို ပြန်အမှတ်ရစေအောင် လက်ဆောင်တွေပေးတာ ၊ ပို့စကတ်နဲ့စာတိုလေးတွေ ပေးတာ၊ Date လုပ်တာ ၊ အပြင်လည်တာတွေ လုပ်သင့်ပါတယ်။ သူနဲ့အတူ အမှတ်တရသစ်တွေ ဖန်တီးတာ ၊ အချိန်ပေးပြီး အနားမှာ နေတာမျိုးလည်း လုပ်သင့်ပါတယ်။

သူတစ်ယောက်တည်း နေချင်တယ်ဆိုရင် အချိန်ပေးပါ။ ကိုယ့်အနေနဲ့ လူကိုယ်တိုင် သူ့ဆီ မသွားတော့ဘဲနဲ့ ပထမဆုံးအကြိမ်အဖြစ် ခဏလောက် ဝေးနေပါစေ။ ဒီအချိန်မှာ အတူနေခဲ့တဲ့ အချိန်တွေအကြောင်း စဉ်းစားပါစေ။ တကယ်ချစ်တဲ့သူတစ်ယောက်ဟာ ဒီလိုဝေးနေချိန်တွေမှာ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကို ပြန်မြင်လာပါလိမ့်မယ်။

အရမ်း ဖိအားမပေးပါနဲ့။ စကားတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့ သူ့ကို စိတ်ကုန်အောင် မလုပ်ပါနဲ့။ လွတ်လွတ်လပ်လပ် နေပါစေ။ ကိုယ်ဟာ နောက်ဆုံး ဆုံးရှုံးရမယ့် အချိန်အထိ သူ့အပေါ် နူးညံ့ကြင်နာခဲ့သူ ၊ သဘောထားကြီးကြီးနဲ့ စောင့်ရှောက်ခဲ့သူအဖြစ် အမှတ်ရနေပါစေ။