သင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူငယ်ချင်းကောင်းဟာ သင့်ကို အမြဲအားပေးထောက်ပံ့နေမှာဖြစ်ပြီး သူများတွေထိမ်ချန်ထားတဲ့ အမှန်တရားတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြမှာပါ။ ဒီကမ္ဘာကြီးထဲမှာ သင့်ရဲ့အတွေးတွေနဲ့ ခံစားချက်တွေကို အပြည့်အဝ ပြောပြဝေမျှနိုင်မယ့် တစ်စုံတစ်ဦးက သင့်အနားမှအမြဲရှိနေတယ်ဆိုရင်ကိုပဲ စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားရရှိနိုင်ပါတယ်။

အခုပြောပြပေးသွားမယ့် အခြေအနေလေးတွေဟာဆိုရင်လည်း သူငယ်ချင်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတိုင်း ရင်းရင်းနှီးနှီးရှိမယ်ဆိုတာသေချာပါတယ်နော်။

ပါးစပ်နံနေလားဆိုပြီး အချင်းချင်း စစ်ပေးတယ်

တစ်ယောက်ပန်းကန် တစ်ယောက်နှိုက်စားတယ်

ချစ်သူများနေ့မှာ အချင်းချင်းလက်ဆောင်ပေးတယ်

စကားစပြီးရင် ရပ်မရလို့ တစ်နေရာသွားမယ်ဆို အချိန် ၁ နာရီလောက်ကြာတတ်တယ်

ကိုယ့်ဘာသာဆို တည်ငြိမ်သူဆိုပေမယ့် နှစ်ယောက်ပူးသွားရင် ထိန်းမရတော့ဘူး

အချင်းချင်း အပြန်အလှန် ဂရုစိုက်ပေးတယ်

ထူးထူးဆန်းဆန်း နာမည်ပြောင်တွေပေးတတ်တယ်

ဘာဝတ်ရင်ကောင်းမလဲ၊ ဘယ်တစ်ခုပိုလှလဲဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အကြံပေးတတ်တယ်

ရေချိုးခန်းလည်း အတူတူဝင်သုံးတတ်တယ်

တစ်ခါတစ်လေ ရန်ဖြစ်တာတွေရှိပေမယ့်လည်း ၅ မိနစ်ထက်မကြာဘူး ပြန်တည့်တတ်တယ်

အရေးကြီးဆုံးက စကားပြောစရာမလိုဘဲ တစ်ယောက်ဘာတွေးနေလဲဆိုတာ နားလည်တယ်

ဒါတွေကြောင့်လည်း သူငယ်ချင်းကောင်းတွေ ဖြစ်နေကြတာပါ။

Source: BrightSide

By MyStyle Myanmar