ကိုယ့်မျက်နှာအသားအရေကို ဂရုစိုက်ကြတဲ့အချက်တွေထဲမှာ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ဖို့ကလည်းအရေးကြီးပါတယ်။ မျက်နှာကိုနည်းစနစ်မှန်ကန်စွာနဲ့သစ်ဖို့လည်းအရေးကြီးပါတယ်။ မျက်နှာသစ်တာကိုလည်း ကိုယ့်ရဲ့နေ့စဉ်လုပ်နေတဲ့အရာတစ်ခုဖြစ်တဲ့အတွက် မှားယွင်းနေပြီဆိုရင် ကိုယ့်ရဲ့အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ မှန်ကန်တဲ့ မျက်နှာသစ်နည်းဆိုတာကလည်း ဘာလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။ ကိုယ့်မျက်နှာသစ်နည်းကရော မှန်ကန်ရဲ့လား မှားနေလားဆိုတာ ဒီအချက်လေးတွေဖတ်ကြည့်နော်။

ပုံမှန်တစ်နေ့ကို နှစ်ကြိမ်သစ်ပါ

မနက်တစ်ကြိမ်၊ ညတစ်ကြိမ်က ပုံမှန်သစ်ပေးသင့်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေဆိုရင် ပိုပြီးDeepဖြစ်အောင် သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာကိုအရမ်းကြီးပွတ်တိုက်တာမျိုး၊ ဂျီးများနေတာစင်အောင်ဆိုပြီးလည်း ကုပ်တာမျိုးတွေမလုပ်သင့်ပါဘူးနော်။

ကြာချိန်က

မျက်နှာသစ်ရင် အနည်းဆုံးနဲ့ အသင့်တော်ဆုံးအချိန်က ၂ မိနစ်ကြားမှ ၃မိနစ်လောက်ကြာသင့်ပါတယ်။ ကြာကြာသစ်ပေးလေ ပိုပြောင်တယ်ဆိုတဲ့လုပ်ရပ်မျိုးက မှားပါတယ်နော်။ အချိန်ကြာကြီး မျက်နှာသစ်ပေးခြင်းက အသားအရေကိုခြောက်သွေ့စေနိုင်တဲ့အတွက် အဆီဖုလေးတွေထွက်စေနိုင်ပါတယ်။

လက်ဆေးပါ

 

မျက်နှာမသစ်ခင် အရေးကြီးဆုံးအချက်က လက်ဆေးဖို့ပါနော်။ လက်ဆိုတာက ပိုးမွှားတွေအဓိကရှိတဲ့နေရာဖြစ်တဲ့အတွက် ကိုယ့်မျက်နှာအသားအရေနဲ့လက်နဲ့မထိတွေခင် လက်ကိုစင်အောင်ဆေးပြီးမှ မျက်နှာသစ်ပေးသင့်ပါတယ်။ မဟုတ်ရင် မျက်နှာနဲ့လက်မှာရှိတဲ့ ပိုးမွှားတွေကို တိုက်ရိုက်ထိတွေ့ ပေးသလိုဖြစ်နေပါလိမ့်မယ်။

Photo Source – Free Beauty