သင်က သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြည့်ရဲသူလား။ ဒါဆိုရင်တော့ ဒါကို ဆက်ဖတ်နိုင်ပါတယ်။

အခုဖော်ပြမယ့် ဇာတ်လမ်းတွေကတော့ ဟိုးအရင် တကယ် ရှိခဲ့ဖူးတဲ့ လူသတ်သမားတွေ၊ တကယ် ဖြစ်ဖူးခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံကာ ပြန်လည်ရိုက်ကူးထားတဲ့ မှုခင်း ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

ဒီတော့ သတ္တိခဲ သင့်အတွက် ပီပြင်တဲ့ မှုခင်း ဇာတ်လမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ The Afflicted (2011)

Theresa Knorr ဆိုတဲ့ အမျိုးသမီးက သူမရဲ့ ကလေး ခြောက်ယောက်ထဲက နှစ်ယောက်ကို သတ်မှုနဲ့ အတူ ညှင်းပန်းနှိပ်စက်မှုတို့ကြောင့် ဖမ်းခံခဲ့ရပါတယ်။ ဒီဇာတ်လမ်းထဲ သူမက သူမရဲ့ သားသမီးတွေကို ဘယ်လို နှိပ်စက်ခဲ့လဲ အသေးစိတ် ကြည့်ရမှာပါ။

၂။ Scream (1996)

Daniel Harold Rolling က 1990 ခုနှစ် Gainsville က လူသတ်သမားလို့ လူသိများပါတယ်။ သူက လေးရက်ကျော်အတွင်းမှာပဲ Gainesville, Florida က ကောလိပ်ကျောင်းသား ၅ ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တာပါ။

၃။ Karla (2006)

လင်မယား နှစ်ယောက်ဖြစ်တဲ့ Karla Homolka နဲ့ Paul Bernardo က အနည်းဆုံး အမျိုးသမီး သုံးယောက်လောက်ကို ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ကာ သတ်ခဲ့ကြပါတယ်။ မိန်းမဖြစ်တဲ့ Karla က လင်ယောကျာ်းရဲ့ လုပ်ရပ်မှားတွေကို မရပ်တန့်တဲ့အပြင် ကူပါ ကူခဲ့ပါသေးတယ်။

၄။ Henry: Portrait of a Serial Killer (1986)

1983 မှာတော့ Henry Lee Lucas လို့ အမည်ရတဲ့ အမျိုးသားက လူသတ်မှုပေါင်း ၆၀၀ ကို ကျူးလွန်ခဲ့တယ်လို့ မှားယွင်းစွာ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ Henry Lee Lucas တကယ်သတ်ခဲ့တဲ့သူတွေကတော့ သူ့ အမေ၊ ကောင်မလေးနဲ့ သူ့အိမ်ပိုင်ရှင်တို့ပါ။

၅။ Monster (2003)

Aileen Wuornos ဆိုတဲ့ အမျိုးသမီးက 1989 နဲ့ 1991 ခုနှစ်ကြားမှာ အမျိုးသားပေါင်း ၇ ဦးကို ခိုးဆိုးလုနှိုက်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ Aileen က နောက်ပိုင်းမှာတော့ သူမရဲ့ Lesbian ချစ်သူ Tyria Moore ရဲ့ ဖော်ထုတ်မှုကြောင့် အမှုပေါ်ခဲ့ပါတယ်။ သူမအကြောင်းကို Monster ဇာတ်လမ်းထဲ ကြည့်နိုင်မှာပါ။

၆။ Dahmer – Monster: The Jeffrey Dahmer Story (2022)

မကောင်းဆိုးဝါးလို့ သိထားကြတဲ့ Jeffrey Dahmer က အမျိုးသား ၁၇ ဦးကို သွေးဆောင်ဖြားယောင်းခဲ့ကာ အိပ်ဆေးခက်ပြီး ရက်ရက်စက်စက် သတ်ခဲ့ပါတယ်​။ မင်းသား Evan Peters ကို ဇာတ်လမ်းထဲ Dahmer အဖြစ် ​မြင်ရမှာပါ​။

၇။ And Extremely Wicked, Shockingly Evil and Vile (2019)

Ted Bundy ကတော့ အမျိုးသမီး ၃၀ ကျော်ကို သတ်ခဲ့တယ်လို့ ဝန်ခံခဲ့သူပါ။ အမျိုးသမီးတွေကို Ted Bundy က ဘယ်လို နှိပ်စက်ခဲ့ပြီး ဘယ်လိုသတ်ခဲ့လဲ ဆိုတာကို နာမည်ကျော် မင်းသား Zac Efron သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမှာ ကြည့်ရှူရမှာပါ။

သင်က ဘယ်ဇာတ်လမ်းကို ကြည့်ဖို့ စဉ်းစားထားပြီလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar