Glass Skin ကိုပိုင်ဆိုင်နိုင်ဖို့ဆိုတာက မိန်းကလေးတိုင်းရဲ့အိပ်မက်ပါပဲ။ အသားအရေထိန်းသိမ်းမှုကသာ အသားအရေကို အတွင်းပိုင်းကနေ တောက်ပြောင်စေတာမလို့ ကြည်လင်တောက်ပပြီး နုပျိုတဲ့ အသားအရေလေးကို ပိုင်ဆိုင်ဖို့အတွက်ဆို အသားအရေထိ်န်းသိမ်းဖို့က တကယ်အရေးကြီးပါတယ်။ ဒါကြောင့် သင့်အိပ်မက်ထဲက တောက်ပတဲ့အသားအရေကို ပေးစွမ်းမယ့် Skincare Routine ကို ဝေမျှပေးလိုက်ပါတယ်။
Double Cleanse Routine လုပ်ပေးပါ
အလှပြင်တဲ့ မိန်းကလေးတွေအားလုံး Double Cleanse Routine လုပ်ဖို့က အရေးကြီးဆုံးပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ တစ်နေကုန်မျက်နှာမှာကပ်နေတဲ့ ဖုန်နဲ့အညစ်အကြေးတွေ ဖယ်ရှားဖို့ မနက်ခင်းနဲ့ ညဘက်တွေမှာ Cleanser ကို သုံးပေးပါ။ ဒီလိုနည်းနဲ့ တစ်နေ့တာလုံးမှာ မိတ်ကပ်နဲ့ အဆီတွေ အားလုံးကို ဖယ်ရှားနိုင်ပါတယ်။
Toner သုံးပေးပါ
လူတော်တော်များများက အသားအရေ ခြောက်သွေ့မှာကို ကြောက်လို့ ဒီအဆင့်ကို ကျော်သွားတတ်ကြပါတယ်။ တကယ်တော့ Toner က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးကာ အသားအရေကို အာဟာရဖြည့်ပြီး အသားအရေကို “နှစ်ဆ” သန့်စင်ပေးပါတယ်။
Moisturizer သုံးပေးပါ
Toner ပြီးရင် Moisturizer သုံးဖို့မမေ့ပါနဲ့။ သားအရေ ခြောက်သွေ့ပြီးယားတဲ့အခါ ဝက်ခြံတွေကို ဖြစ်စေပါတယ်။ Moisturizer က အသားအရေကို အစိုဓာတ်ထိန်းပေးတာမလို့ ချောမွေ့ကြည်လင်တဲ့ အသားအရေကို ရရှိဖို့ကူညီပေးပါတယ်။
Sleeping Mask သုံးပေးပါ
Sleeping Mask က အစိုဓာတ်နဲ့ အာဟာရဓာတ်တွေကို ပိုတိုးစေတာမလို့ မနက်နိုးလာချိန်မှာ မယုံနိုင်လောက်အောင် နူးညံ့ပျော့ပျောင်းပြီး ကြည်လင်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ အဆီပြန်တဲ့ အသားအရေရှိတယ်ဆိုရင် ရေအခြေခံတဲ့ Sleeping Mask ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်။
မျက်နှာကို တစ်နေ့တစ်ကြိမ် နှိပ်နယ်ပေးပါ
မျက်နှာကို နှိပ်ပေးတာက သွေးလှည့်ပတ်မှုကို တိုးစေပြီး V မျက်နှာပုံစံကို မြှင့်တင်ပေးပါတယ်။ မျက်နှာမနှိပ်ခင် Facial Oil သို့မဟုတ် balm ကို လိမ်းပေးပါ။ နှိပ်တဲ့အခါ လက်ချောင်းများနဲ့ ညင်သာစွာ နှိပ်ပေးပါ။