ဓာတ်ပုံကောင်းတစ်ပုံရဲ့ လျို့ဝှက်ချက်က ကင်မရာ အမျိုးအစား ကောင်းတာ မဟုတ်ပါဘူး။ ကြည့်တဲ့ အမြင်က ဓာတ်ပုံကောင်းတစ်ခုရဲ့ လျို့ဝှက်ချက်ပါ။ ဓာတ်ပုံတစ်ပုံရိုက်တဲ့အချိန် ရှုထောင့် အမျိုးမျိုး၊ စတိုင် အမျိုးမျိုးပြောင်းရိုက်တဲ့အခါ ရိုးရှင်းတာကနေ ဆန်းပြားသွားတတ်ပါတယ်။ သတင်းကောင်းကတော့ ဓာတ်ပုံလှလှလေး တစ်ပုံရဖို့ သင်က ကျွမ်းကျင် ဓာတ်ပုံပညာရှင် ဖြစ်ဖို့ မလိုပါဘူး။ ဓာတ်ပုံရိုက်တဲ့အခါ သုံးန်ိုင်မယ့် လှည့်ကွက်တွေကို သိထားရုံနဲ့ ပုံလှလှလေး ရနိုင်ပါတယ်။ ဒီတော့ နောက်တစ်ခေါက်သင် ဓာတ်ပုံရိုက်တဲ့အခါ အများကြီး အားစိုက်ထုတ်စရာမလိုဘဲ ပိုထူးခြားတဲ့ပုံရဖို့ ဘယ်လိုလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ ကိုယ်ပိုင် ရောင်ပြန်

ဒါအတွက် ဖုန်းနှစ်လုံးလိုပါတယ်။ တစ်လုံးနဲ့ ရိုက်ပြီး ကျန်တစ်လုံးနဲ့တော့ မျက်နှာပြင်ကို အပေါ်က ထားပေးရပါမယ်။ လှဲထားတဲ့ ဖုန်းရဲ့ မျက်နှာပြင်ကို မှန်အနေနဲ့ သုံးပြီး ရောင်ပြန် Effect ကို ဖန်တီးနိုင်ပါတယ်။

၂။ ကောင်းကင်နောက်ခံထားတဲ့ ပို့စ်ရဖို့

သင့်ဖုန်းကို မြေပြင်ပေါ်မှာ ရှေ့ Camera ဖွင့်ပြီး ထားပေးရပါမယ်။ သင်က မြင့်တဲ့ တစ်နေရာပေါ် တက်ကာ သင့်ခြေထောက်ကို အစွန်းဘက်မှာ ထားပြီး ရိုက်နိုင်ပါတယ်။ သင်က တိမ်တွေပေါ် လွင့်မြောနေတဲ့ ပုံစံကို ရမှာပါ။

၃။ ကင်မရာကို လှည့်လိုက်ပါ

ရှုခင်းလှလှလေးတွေနဲ့ ထူးထူးခြားခြား ရိုက်န်ိုင်တဲ့ အိုင်ဒီယာကတော့ ဖုန်းကို ၉၀ ဒီဂရီ လှည့်လိုက်တာပါ။

၄။ Retro-style portrait

ဒါအတွက် CD တစ်ချပ်နဲ့ ဓာတ်မီးတစ်လုုံးလိုပါတယ်။ သင့်သူငယ်ချင်းကို တစ်ဘက်မှာ ဖုန်းနဲ့ CD ချပ်ကို ကိုင်ခိုင်းထားပြီး ကျန်တစ်ဘက်ကနေ မီးထိုးပေးရပါမယ်။ အလင်းကစားပြီး Retro Effect ရအောင် ဖန်တီးနိုင်ပါတယ်။

၅။ ပွင့်ဖတ် မိုးရွာတဲ့ ပုံစံ

စိတ်ကူးယဉ်ဆန်ဆန် ဓာတ်ပုံလေးရဖို့ ပန်းပွင့်ဖတ်တွေကို ခြွေကာ ထီးထဲ ထည့်ရပါမယ်။ ပြီးနောက် လျင်မြန်စွာ ထီးဖွင့်ပြီး ဒီအချိန်မှာ မိုးရွာတဲ့ Effect ရဖို့ ဓာတ်ပုံမြောက်မြားစွာ ရိုက်ပေးရပါမယ်။

၆။ အဆင့်ဆင့် စမ်းကြည့်ပါ

ပထမဆုံး မှန်ပေါ်မှာ ရေအနည်းငယ်ဖြန်းပေးရပါမယ်။
ပြီးနောက် ကင်မရာကို Exposure Zero ထားရပါမယ်။


ကင်မရာ Flashlight ဖွင့်ပြီး သင့်လက်ကို ရေစက်တွေအောက် ထားရပါမယ်။


မှော်ဆန်တဲ့ ဓာတ်ပုံလေးကို ရမှာနော်။

၇။ DIY camera filter

ဖောက်မြင်နိုင်တဲ့ အိတ်တစ်အိတ်ကို ယူကာ သင့်ဖုန်းကို စွပ်ပေးရပါမယ်။ ဖုန်းကင်မရာပေါ်မှာ အပြာနဲ့ အနီ Marker နဲ့ ခြယ်ပေးရပါမယ်။ သင်ကိုယ်ပိုင် ဖန်တီးတဲ့ Effect ကို ရမှာပါ။

၈။ ကိုယ်ပိုင် စတူဒီယို အလင်း

မီးလုံး တစ်လုံးကို ပလတ်စတစ် အိတ်အဖြူ စွပ်ကာ မီးထွန်းပြီး သင့်မျက်နှာနားကပ်ကာ ဓာတ်ပုံရိုက်ပေးရပါမယ်။ ပိုလင်းတဲ့ ဓာတ်ပုံကို ပိုင်ဆိုင်မှာပါ။

၉။ မိုးရွာတဲ့ Effect

ရိုက်မယ့် အရာဝတ္ထုကို ပြတင်းပေါက် တခြားဘက်မှာ နေခိုင်းရပါမယ်။ ပြီးနောက် ပြတင်းပေါက် မှန်ကို ရေဖြန်းပြီး ဒီအရာဝတ္ထုကို မှန်တစ်ဆင့်ခံ ရိုက်ပေးရပါမယ်။

၁၀။ DIY photo light box

ကတ်ထူအဖြူကို ခေါက်ကာ Paper Clip နဲ့ ထောင့်ချင်း ကပ်ပေးရပါမယ်။ ပြီးနောက် ဒီအပေါ်ကနေ မီးအိမ်နဲ့ ထွန်းကာ သင်ရိုက်ချင်တဲ့ အရာဝတ္တုရဲ့ နောက်ခံအနေနဲ့ ထားနိုင်ပါတယ်။

Source: Brightside