ကိုယ်အရမ်းကြိုက်လို့ဝယ်လာတဲ့ ဖိနပ်အသစ်လေးတွေက အသစ်ဆိုရင် ကိုယ်နဲ့ကြပ်နေပြီး စီးရတာအဆင်မပြေပါဘူးနော်။ ခြေထောက်နာလာတာ အရည်ကြည်ဖုလေးတွေထွက်လာတာမျိုး ဖြစ်စေလို့ အဖြေရှာလို့ရအောင် နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

၁။ ပလာစတာကပ်စီးမယ်။

ဖိနပ်အသစ်လေးတွေစီးလို့ ခြေထောက်နာတယ်ဆိုရင် ပလာစတာ ကပ်ပေးပါ။

၂။ ပေါင်ဒါသုံးမယ်။

ပေါင်ဒါက သင့်ဖိနပ်သားလေးကို နူးညံ့စေမှာဖြစ်ပါတယ်။ ဖိနပ်မစီးခင် ပေါင်ဒါကို ခြေထောက်ပေါ်ဖြန်းပြီး စီးပေးပါ။

၃။ ခြေအိတ်နဲ့ Hair Dryer သုံးမယ်။

ကိုယ်အကြိုက်ဆုံး ဖိနပ် အသစ်လေးတွေကို ခြေထောက်မနာအောင်ဘယ်လိုလုပ်ပြီး စီးမလဲ

အရင်ဆုံး ခြေအိတ်ထူထူကို စွပ်လိုက်ပါ။ ပြီးရင် ဖိနပ်ရဲ့ ကြပ်နေတဲ့ နေရာကို Hair Dryer မှုတ်ပေးပါ။ ပြီးရင် ဖိနပ်ကိုစီးပေးပြီး အေးသွားတဲ့ထိ လမ်းလျှောက်ပါ။ လိုအပ်ရင် dryer ထပ်မှုတ်ပေးပါ။ သင်နဲ့ ပိုပြီးသက်သောက်သက်သာဖြစ်လာပြီဆိုရင် ရပါပြီ။

၄။ Roll-on သုံးပါ။

သင့်ရဲ့ ဖိနပ် ဘေးနား၊ ခြေထောက်လေးတွေနဲ့ အများဆုံး ထိတွေ့ရတဲ့နေရာတွေမှာ roll-on လိမ်းပေးပါ။

၅။ ရေခဲသုံးမယ်

အိတ်တစ်လုံးကို ရေဖြည့်ပြီး ဖိနပ်ထဲထည့်လိုက်ပါ။ ပြီးရင် အေးခဲအောင်လုပ်တဲ့ ဘူး (သို့) freezer ထဲထည့်ပြီး တစ်ညလုံးထားပါ။ မနက်မိုးလင်းရင် ရေခဲထုပ်ကို ထုတ်လိုက်ပါ။ ဖိနပ်က နည်းနည်းကျယ်သွားပါလိမ့်မယ်။

၆။ အရက်ပျံနဲ့ စက္ကူ

ဖိနပ်ကြပ်နေတဲ့နေရာနားကို အရက်ပျံဖြန်းလိုက်ပါ။ ပြီးရင် စက္ကူတွေကိ ညစ်ပြီး ဖိနပ်ထဲ ပြည့်အောင်ထည့်ပေးပါ။ တစ်ညလုံးထားပါ။ မနက်မိုးလင်ရင် စက္ကူတွေကို ထုတ်လိုက်ပါ။

၇။ Lotion

လည်သာဖိနပ်လေးတွေအတွက် အဆင်ပြေတဲ့နည်းလမ်းပါ။ Lotion ကို ဖိနပ်ထဲလိမ်းပေးပါ။ အထူးသဖြင့် ခြေဖိနောက်နဲ့ ထိတဲ့နေရာနဲ့ ခြေချောင်းလေးတွေထိတဲ့နေရာနားမှားလိမ်းပေးပါ။ ဖိနပ်က နူးညံ့သွားပြီး နောက်နေ့မှာ ဆီးလို့ အဆင်ပြေမှာပါ။

Featured Image Source: Her World