မင်္ဂလာပါနော်။ အခုခေတ်မှာ လူမှုကွန်ရက်စာမျက်နှာ သုံးစွဲနေသူတိုင်း ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး တင်လေ့ရှိကြပါတယ်။ Selfie ပဲ ရိုက်ရိုက် တခြားသူက ရိုက်ပေးတဲ့ အခါပဲဖြစ်ဖြစ် အမြဲတမ်း လှပနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

ယုံကြည်မှုရှိပါ

ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတစ်ပုံဖြစ်လာဖို့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ယုံကြည်မှုရှိရှိ ပြုံးလိုက်ပါ။

မျက်လုံးတစ်ဖက်မှိတ်ရိုက်ပါ

မျက်လုံးကို တစ်ဖက်မှိတ်ပြီး (သို့) မျက်လုံးကို တစ်ခြမ်း အုပ်ပြီး ရိုက်ပေးပါ။

အလင်းရောင်ကိုဂရုစိုက်ပါ

မိမိဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ အလင်းရောင်ကောင်းကောင်းရှိဖို့လိုအပ်ပါတယ်။ အလင်းရောင်ကောင်းကောင်း ရတဲ့ နေရာမှာ ဓာတ်ပုံရိုက်ပါ။

မေးနှစ်ထပ်မဖြစ်အောင် ဂရုစိုက်ပါ

ဓာတ်ပုံရိုက်တဲ့အခါ မေးနှစ်ထပ်မဖြစ်အောင် ဂရုစိုက်ပြီး ရိုက်ပေးပါ။ မေးနှစ်ထပ်ဖြစ်တာက သင့်ကို ဝတယ်လို့ ထင်ရစေပါတယ်။

ဘေးစောင်းလေးရိုက်ပါ

မျက်နှာကို ဘေးစောင်းရိုက်တာမျိုး ခန္ဓာကိုယ်ကို ဘေးစောင်းပြီး ရိုက်တာမျိုး ရိုက်ပေးနိုင်ပါတယ်။ အဲဒီလို ဘေးနည်းနည်းစောင်းပြီးရိုက်တာက သင့်ကို သွယ်သွယ်လေးဖြစ်စေပြီး ဆွဲဆောင်မှုရှိစေပါတယ်နော်။