ကိုယ်အလေးချိန်တွေ တက်လာလို့ အဝတ်ဘီဒိုထဲက အဝတ်တွေ မတော်ဖြစ်နေပါသလား။ ဝိတ်လျော့ချင်ပေမယ့် လေ့ကျင့်ခန်းလည်း မလုပ်ချင်ဖြစ်နေသူများအတွက် ဒီတစ်ခါမှာတော့ တစ်ပတ်အတွင်း ၅ ပေါင် ကျသွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အစားရှောင်ခြင်းမျိုး မပြုလုပ်ပါနဲ့

အစားအစာများကို သူ့အချိန်နဲ့သူ မှန်ကန်အောင်စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို မှန်ကန်အောင် ထိန်းညှိပေးပါတယ်။ တကယ်လို့ ဗိုက်ဆာနေတဲ့အချိန်မျာ အစား မစားဘဲ အောင့်ထားမယ်ဆိုရင်တော့ ခေါင်းမူးခြင်း၊ အဆာလွန်ခြင်းမျိုး ခံစားရမှာဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အဆီများသောအစားအစာများ၊ သကြားဓာတ်များသော အစားအစာများကို စားသုံးမိမှာပဲဖြစ်ပါတယ်။

အမျှင်ဓာတ်များသသော အစားအစာများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ စားသုံးပါ

အမျှင်ဓာတ်များသော အစားအစာများကို စားသုံးခြင်းက ကိုယ်အလေးချိန်ကျစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များက ရောဂါဘယများကို ကာကွယ်ပေးကာ အသားအရေကိုလည်း လှပစေပါလိမ့်မယ်။

ပန်းကန်အသေးလေးဖြင့် ထမင်းစားပါ

ထမင်းသားတဲ့အခါတိုင်း ပန်းကန်သေးသေးလေးဖြင့် စားသုံးခြင်းက အစားအလွန်အကျွံစားသုံးမိခြင်းမှ တားဆီးပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ရေများများသောက်ပါ

ရေသောက်ခြင်းက ကိုယ်အလေးချိန်ကျစေတယ်လို့ လူအများစုက အခိုင်အမာပြောနေကြပါတယ်။ အစားမစားခင် ရေသောက်ပေးခြင်းအားဖြင့် အစားအလွန်အကျွံစားချင်စိတ်ကို ထိန်းချုပ်ပေးထားနိုင်ပါတယ်။

အစားကို ဖြည်းညှင်းစွာ စားပါ

သင့်ပတ်ဝန်းကျင်ရှိ ပိန်သောသူများကို သေချာသတိထားကြည်ပါ။ သူတို့တွေက အစားစားတဲ့အခါ နှေးကြတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုဖြည်းဖြည်းစားခြင်းက ကယ်လိုရီများကို လျော့ကျစေပြီး ဝိတ်ကျစေတယ်လို့ သိရှိနိုင်ပါတယ်။

ကြက်ဥစားပါ

မနက်စာအဖြစ် ကြက်ဥ စားသုံးခြင်းက ဝိတ်ကျဖို့အတွက် ၆၅ ရာခိုင်နှုန်းခန့် ကူညီပေးတယ်လို့ သိရှိနိုင်ပါတယ်။ မနက်စာအဖြစ် ကြက်ဥကို ၂ လ တိတိစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်သိသိသာသာကျသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Healthline.com