လူတစ်ယောက်နဲ့တစ်ယောက် စပြီးတွေ့တဲ့အခါ ပထမဆုံး Impression က အရေးကြီးသလို နောက်ဆုံး Impression ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဖက်ရှင်၊ ဝတ်ပုံစားပုံက သိပ်ကို အရေးပါလှပါတယ်။ ကိုယ်သွားမယ့်နေရာဒေသနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ဖက်ရှင်တွေကို OutDated မဖြစ်စေဘဲ အမြဲတမ်း သစ်လွင်နေစေမယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

အလွန်အမင်း Sexy ကျတဲ့ အဝတ်အစားတွေကို ရှောင်ပါ

မီနီစကတ် တိုတို ကြပ်ကြပ်တွေဟာOutdated ဖြစ်နေပါပြီ။ အဲဒီလို စကတ်တိုတိုကြပ်ကြပ်ကို ဒေါက်ဖိနပ်နဲ့ တွဲဝတ်တာမျိုးကလည်း သိပ်ပြီးခေတ်မစားတော့ပါဘူး။ ဒီနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းက နည်းနည်းချောင်တဲ့ ပွတဲ့ စကတ်ကို ဝတ်ဆင်လာကြပြီး တိုတိုလေးထက် ဒူးဖုံးတဲ့ စကတ်တွေခေတ်စားနေတာပါ။

ဒေါက်ဖိနပ်ပဲ အမြဲဝတ်နေတာ ဖက်ရှင်မကျတော့ပါဘူး

အမြဲလိုလို ဒေါက်ဖိနပ်ပဲ ဝတ်နေမှ လှမယ်ဆိုတဲ့ အတွေ့ကို ထားခဲ့လိုက်ပါတော့။ ဒေါက်ဖိနပ်ခေတ်မစားတော့ပါဘူး။ အခုဆို ဒေါက်နည်းနည်းပါတဲ့ (သို့) ရှုးဖိနပ်ပါးပါးပဲ ခေတ်စားနေတာပါ။

ကိုယ်ဝတ်မယ့် Accessories ပစ္စည်းတွေနဲ့ အရောင်တူလိုက်မဝတ်ပါနဲ့

ရှူးဖိနပ်၊ အကျီ ၤအရောင်၊ အိတ်၊ ဦးထုပ် စတဲ့ ကိုယ်ဝတ်မယ့် အဝတ်အစားနဲ့ Accessories ပစ္စည်းတွေကို အရောင်တူ လိုက်ဝတ်တာမျိုးက ဖက်ရှင်မကျတော့ပါဘူး။ မတူတဲ့ အရောင်လေးတွေ၊ ဒီဇိုင်းလေးတွေကို တွဲဖက်ဝတ်ဆင်တာမျိုး အခုခေတ်စားနေတာပါ။

ရွှေနဲ့ တန်ဖိုးကြီး လက်ဝတ်လက်စားများ

သင့်ရဲ့ ဖက်ရှင်တွေ OutDated Look မဖြစ်စေဖို့ နည်းလမ်းလေးတွေ

ရွှေဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်တွေ ပြူးပြူးပြဲပြဲဝတ်တာမျိုးက ခေတ်နောက်ကျကျန်ခဲ့ပါပြီနော်။ အဲဒီအစား Pink Gold လေးတွေ၊ ဖန်စီဆန်ဆန် လက်ဝတ်လက်စား အသေးလေးတွေက ခေတ်စားနေပါပြီ။

ချက်အောက်ဘောင်းဘီတွေ ခေတ်မစားတော့ပါဘူး

ချက်ပြုတ်ဘောင်းဘီတွေ၊ ဂျင်းပန့်တွေဟာ ခေတ်မစားတော့ပါဘူး။ ခါးမြင့်မြင့်ပါတဲ့ ဂျင်းဘောင်းဘီတွေ၊ ပန့်ဘောင်းဘီတွေက အခုခေတ်စားနေတာပါ။

ခရစ္စတယ်တွေပါတဲ့ ဖက်ရှင်တွေဟာ ခေတ်နောက်ကျကျန်ခဲ့ပါပြီ

အဝတ်အစားမှာ ခရစ္စတယ်လို အရောင်လက်လက်တွေပါတာဟာ ၂၀၀၀ ခုနှစ်မှာ ကျန်ခဲ့ပါပြီ။ သင့်ကိုပိုပြီးဖက်ရှင်ကျစေဖို့Metallic အဝတ်အစားတွေကို ဝယ်ကြည့်လိုက်ပါ။

ဆံပင်ကို ခေါင်းစည်းကြိုးနဲ့ စည်းတာဟာ ခေတ်မစားတော့ပါဘူး

ဆံပင်ကို ခေါင်းစည်းကြိုးတွေနဲ့ စည်းတာ ခြည်တာဟာ ခေတ်မစားတော့ပါဘူး။ သင့်ဆံပင်နဲ့ အပေါ်ကနေ တစ်ပတ်လောက် ပြန်ပတ်ပြီး ကလစ်တွယ်ထားလိုက်ပါ။

ဆံပင်ကို သပ်သပ်ရပ်ရပ်အမြဲထားစရာမလိုပါဘူး

ဆံပင်ကို ခပ်ပွပွ ခပ်ရှုပ်ရှုပ်ထားတာဟာ ဖက်ရှင်တမျိုးဖြစ်ပြီး သင့်ကို သဘာဝကျကျလှစေပါတယ်။

လက်သည်းအရမ်းရှည်ရှည်တွေ မထားပါနဲ့

လက်သည်း အရမ်းရှည်ရှည်ထားတာမျိုး ခေတ်မစားတော့ပါဘူး။ အခုဆို လက်သည်းကို နည်းနည်း တိုတိုလေး ထားနေတာမျိုး ခေတ်စားနေတာပါ။

MyStyleMyanmar က စာဖတ်သူတို့ စတိုင်လ်ကျကျ၊ ခေတ်မှီမှီ လန်းနိုင်ပါစေနော်။