ကျစ်လစ်သန်မာတဲ့ ကိုယ်လုံးကိုယ်ထည်ဟာ ကျန်းမာရေးအမြင်အရလည်း ကောင်းတယ်။ ရုပ်အဆင်းလည်း ကြည့်ကောင်းစေပါတယ်။ အခုနောက်ပိုင်းမှာ အသက် ၂၅ ကျော်တာနဲ့ တော်တော်များများဟာ ဗိုက်လေးတွေ ထွက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လေးလံလာကြပါတယ်။ ဒီအတွက် ကိုယ်အဆီတွေလည်း လျှော့ချပေးပြီး Fit ဖြစ်တဲ့ ဘော်ဒီတစ်ခု ရအောင် အလွယ်ဆုံးနည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။

(၁) Green Tea ပုံမှန်သောက်ပေးပါ

Green Tea ဟာ ကင်ဆာရောဂါတိုက်ဖျက်နိုင်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ နောက်တစ်ခုက ကိုယ်ခန္ဓာ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြှင့်ပေးနိုင်ပါတယ်။ Green Tea မှာ Catechins ပါလို့ ဇီဝကမ္မဖြစ်စဉ် အမြန်နှုန်းမြှင့်ပေးပြီး တစ်နေ့ကို ကယ်လိုရီ ၆၀ လောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။

(၂) ရေများများသောက်ပါ

အယ်လ်ကိုဟော ရှောင်ပြီး ရေများများသောက်ပါ။ ရေသောက်ခြင်းဟာ ပေါ့ပါးလန်းဆန်းစေသလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း ၃၀% ပိုမြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ရေစစ်ဖို့အတွက် ရေဓါတ်ပြည့်ခြင်းက အများကြီး ကူညီပေးပါလိမ့်မယ်။

(၃) အသက်ပြင်းပြင်း ရှုတဲ့ အလေ့အကျင့်လုပ်ပါ

စိတ်ရှုပ်လာရင် အသက်ရှုမှုပေါ် အာရုံစိုက်ဖို့ အကြံပေးကြပါတယ်။ စိတ်ရှုပ်ထွေး တင်းကြပ်လာချိန်မှာ ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာပြီး အစာစားချင်စိတ်ကို နှိုးဆွလာပြီး ဗိုက်မှာ အဆီစုဝေးလာစေနိုင်ပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးမှုကြောင့် ဗိုက်အဆီစုပြီး ဗိုက်ပူလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယောဂလေ့ကျင့်ခန်းလုပ်ပါ။ စိတ်အေးချမ်းစေမယ့် သီချင်းနားထောင်ပါ။ တရားထိုင်ပါ။

(၅) မနက်စာ မစားဘဲ မနေပါနဲ့

ဝိတ်ကျစေဖို့ မနက်စာ ရှောင်တာမျိုး မလုပ်ပါနဲ့။ မနက်စာပုံမှန်စားပေးခြင်းဟာ ဝိတ်ကျအောင် ကူညီပေးပါတယ်။ အောင်အောင်မြင်မြင် ဝိတ်ချနိုင်သူတွေရဲ့ ၇၀% ခန့်ဟာ မနက်စာ အလွတ်မခံကြပါဘူး။ တစ်ခု ရှိတာက မနက်စာကို အမျှင်ဓါတ်မြင့်တဲ့ ကွေကာနဲ့ Oat Meal များ ၊ အသီးအနှံ နဲ့ နို့များ စားပေးသင့်ပါတယ်။

(၆) စောစောအိပ် စောစောထပါ

အိပ်ရေးဝအောင် အိပ်ပါ။ အိပ်စက်တဲ့ အချိန်ကိုလည်း ပုံမှန်ဖြစ်အောင် အကျင့်လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။ ညအိပ်ရာဝင်ချိန်ကို အနှောင့်အယှက်ဖြစ်စေမယ့် အစားအသောက်တွေ စားတာမျိုး ၊ အိပ်ရာ ဝင်ခါနီး ဖုန်းသုံးတာမျိုး ရှောင်ပါ။ စောစောထပါ။ စိတ်ချမ်းသာအောင် နေပါ။ အိပ်ရေးပျက်တာက သင့်ကို ဝိတ်တက်စေနိုင်တယ်ဆိုတာ သတိရလိုက်ပါ။