သင်က ဆံပင်ချပြီးမနေတတ်လို့ အမြဲလိုလို စည်းထားတတ်တဲ့သူလား။ ဆံပင်စည်းတဲ့အခါ ပုံစံတစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါစည်းတာက အရမ်းရိုးတာမို့ ကိုယ်နဲ့လည်းလိုက်ဖက်ပြီး အမျိုးမျိုးပြောင်းစည်းနိုင်မယ့် Hairstyle လးတွေ သိထားတာက ပိုကောင်းပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆံပင်ပုံစံကွဲထွက်ပြီး ထင်းထွက်သွားစေမယ့် စည်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စည်းရအရမ်းမခက်ဘဲ ခေတ်မှီတဲ့ Hairstyle အိုင်ဒီယာလေးတွေဖြစ်လို့ လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်မှာပါနော်။ စမ်းစည်းကြည့်ဖို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

Bubble Braids

အရင်ဆုံး ဆံကြောင်းနှစ်ဖက်ခွဲပြီး အလည်နေရာလေးတွေချန်ကာ ခေါင်းစည်းကြိုးများများနဲ့ စည်းလိုက်ပါ။ ကျစ်ဆံမြီးပုံစံလေးရအောင် ကြားနေရာလေးကို ဖွပေးရမှာဖြစ်ပါတယ်။ ကျစ်စရာမလိုဘဲ ကြိုးနဲ့စည်းရုံပဲမို့ လုပ်ရလည်းလွယ်ပါတယ်နော်။

Braid Side Buns

ကျစ်ဆံမြီးနှစ်ဖက်ကျစ်ကာ ဆံထုံးပုံရအောင်အပေါ်မှာပတ်ပြီး မျက်နှာဘေးမှာ ဆံချောင်းလေးတွေချန်ထားလိုက်ပါ။ ကျန်တဲ့ ဆံပင်တွေကို ကျစ်ဆံမြီးအသေးလေးတွေ စုကျစ်ပေးရမှာဖြစ်ပါတယ်။ အနောက်တိုင်းသူတွေကြား ခေတ်စားနေတဲ့ Hairstyle ဖြစ်ပြီး သင့်ကိုအထာကျတဲ့ Look မျိုးရစေမှာပါ။

Spiky Bun

ဆံထုံးပုံစံကိုမှ အနောက်မှာ ဆံပင်ကိုလိမ်ပြီး အဖျားပိုင်းတွေထောင်ထွက်နေအောင် ကလစ်နဲ့ပင့်ထားရမယ့်ပုံစံဖြစ်ပါတယ်။ ထူးခြားတဲ့ Hairstyle လေးမို့ Try ကြည့်သင့်ပါတယ်နော်။

Butterfly Bun

ဘေးနှစ်ဖက်ဆံပင်ကို အလုံးလေးတွေရအောင် ခေါင်းစည်းကြိုးနဲ့ပင့်စည်းထားတဲ့ Hairstyle လေးဖြစ်ပြီး ဘယ်ချိန်ကြည့်ကြည့် ကလေးလေးလို ချစ်ဖို့ကောင်းတဲ့ပုံစံလေးရစေမှာပါ။

Crown Braid

အဆိုတော် Jennie ရဲ့လူသိများတဲ့ ကျစ်ဆံမြီး Hairstyle ပုံစံလေးကလည်း ချစ်စရာကောင်းသလို အထာလည်းကျစေမယ့်ပုံစံလေးပါ။ ကျစ်ဆံမြီးကို ခေါင်းထိပ်မှာ သရဖူလေးဆောင်းထားသလို ပတ်ပေးရမှာဖြစ်ပြီး ကျန်ခဲ့တဲ့ဆံပင်လေးတွေကို ဘေးမှာ ခပ်ဝဲ၀ဲချထားရတဲ့ Look လေးဖြစ်ပါတယ်။

Ponytail

ဆံပင်အမြင့်စည်း Ponytail ပုံစံကလည်း Celebrity တော်တော်များများစည်းတတ်တဲ့ Hairstyle လေးပါ။ စုစည်းလိုက်သလိုဖြစ်တာမို့ ဂုတ်လည်းရှင်းပါတယ်။ အမြင့်စည်းပြီး ဆံပင်နဲ့ပြန်ပတ်တဲ့ပုံစံလေး Try ကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar